နေပြည်တော်ကောင်စီနယ်မြေ

ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာရပ်ကွက်၊  အခြေခံပညာအလယ်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်‌ရေးလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက  အဆိုပါကျောင်းဝင်းအတွင်း ကျင်းပခဲ့သည်။

တပ်ကုန်းမြို့နယ် သစ်ဆိမ့်ပင်ကျေးရွာတွင် စာကြည့်တိုက်အဆောက်အဦသစ် ၆၅ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် သစ်ဆိမ့်ပင်ကျေးရွာတွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ငွေဖြင့် ဆောက်လုပ်ခဲ့သည့် စာကြည့်တိုက်အဆောက်အဦသစ်ကို သက်ဆိုင်ရာတာဝန်ရှိများက ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်းမင်္ဂလာအချိန်တွင် ပန္နက်တင်ပေးခဲ့ပြီး စတင်ဆောက်လုပ်ခဲ့ရာ ယနေ့နံနက်ပိုင်းထိ ၆၅ ရာခိုင်နှုန်းဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

တပ်ကုန်းမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆပ်ပြာ၊ ဆပ်ပြာဆီနှင့် ခေါင်းလျှော်ရည်သင်တန်းဖွင့်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခုဘဏ္ဍာရေးနှစ်အတွင်း ဖွင့်လှစ်သင်ကြားပေးသည့်  အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆပ်ပြာ၊ ဆပ်ပြာဆီနှင့် ခေါင်းလျှော်ရည်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်  ၉ နာရီခွဲက ရှောက်ကုန်းကျေးရွာဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံတွင် ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ မွန်းလွဲပိုင်းတွင် ပုဗ္ဗသီရိမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်ရှိ ဝေနေယျသုခဓမ္မာရုံသို့ရောက်ရှိပြီး ပုဗ္ဗသီရိမြို့နယ်အတွင်း ဧည့်စာရင်းတိုင်ကြားပြီး လာရောက်နေထိုင်ကြသည့် အိမ်ထောင်စုများစာရင်းပြုစုထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကိုတာဝန်ရှိသူများအား မှာကြားသည်။

ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ လူငယ်စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)၌ Youth Club အဖွဲ့ဝင်လူငယ်များ၏ လူငယ်စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းကကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဥတ္တရသီရိမြို့နယ်၌ ဖောင်းလောင်ဆည်ရေသောက်ဧရိယာရှိ မိုးကြိုစပါးစိုက်ပျိုးမည့် ဒေသခံတောင်သူများနှင့်တွေ့ဆုံ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ဖောင်းလောင်ဆည်ရေသောက်ဧရိယာရှိ မိုးကြိုစပါးစိုက်ပျိုးမည့် ဒေသခံတောင်သူများနှင့်တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မင်းကုန်းအုပ်စု အုပ်ချူပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။

ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူအမျိုးသမီးအသင်း(Women Club)တို့ပူးပေါင်း၍ စာရေးဆရာမ ဒေါက်တာခင်စန်းမော် ရေးသားသော "ပညာရှင်စိတ်ထား" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၂ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒက္ခိဏသီရိမြို့နယ်၊ အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်များအတွက် အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျောင်းသား၊ ကျောင်းသူလူငယ်များ အထွေထွေအသိပညာဗဟုသုတများရရှိစေရန် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်အတွက် ဌာနဆိုင်ရာများပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ကျင်းပရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏသီရိမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ၊ ဆရာများနှင့် ကျောင်းသူ /ကျောင်းသားများ တက်ရောက်ခဲ့ကြသည်။

နေပြည်တော်ကောင်စီဝင် ဦးဟန်သူ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု (Clean and Green School Award) စိစစ်ရွေးချယ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု (Clean and Green School Award )စိစစ်ရွေးချယ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု စိစစ်ရွေးချယ်ရေးအဖွဲ့နာယက နေပြည်တော်ကောင်စီဝင် ဦးဟန်သူ၊ ဆုစိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များနှင့် နေပြည်တော်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

တပ်ကုန်းမြို့နယ်အတွင်း ရာဂီမုန်တိုင်းအရှိန်ကြောင့် ဆုံးရှုံးပျက်စီးခဲ့သည့် ကြက်များအစား နိုင်ငံတော်မှ ကြက်များ ပြန်လည်ပေးအပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ကံကြီးကျေးရွာအုပ်စုတွင် ဒေသကြက်အချို့  ရာဂီမုန်တိုင်းအရှိန်ကြောင့် ပျက်စီးခဲ့သည့် ကြက်များအစား နိုင်ငံတော်မှ ပြန်လည်ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် ပိုင်ရှင်များထံ  ပြန်လည်ပေးအပ်ခဲ့သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ