နေပြည်တော်ကောင်စီဝင် ဦးဝင်းမိုးခိုင် လမ်းဘေး ဝဲ/ယာတစ်လျှောက် ချုံနွယ်များ ရှင်းလင်းခြင်းနှင့် ကွန်ကရစ်လမ်းသား နိမ့်ကျပျက်စီးမှု ပြုပြင်ခြင်းလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ နေပြည်တော်ကောင်စီဝင် ဦးဝင်းမိုးခိုင်သည် ဇမ္ဗူသီရိမြို့နယ်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေနော်ဝင်း၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးအောင်မျိုးဦးတို့လိုက်ပါလျက် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ သံလွင်လမ်း၊ ရွှေဇမ္ဗူလမ်း၊ သော်ကလမ်းနှင့် ဘောဂသိဒ္ဓိရပ်ကွက်၊ သုခသီတာလမ်းဘေး ဝဲ/ယာတစ်လျှောက် ထွန်စက်၊ မြက်ဖြတ်စက်များဖြင့် ချုံနွယ်များ ရှင်းလင်းခြင်းနှင့် သန့်ရှင်းရေးဆောင်ရွက်နေမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။