နေပြည်တော်ကောင်စီနယ်မြေ

နေပြည်တော်ကောင်စီဝင် ဦး‌ဇေယျာလင်း (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲ/ ပြိုင်ပွဲ၊ ဖွင့်ပွဲ/ပိတ်ပွဲ ကျင်းပရေး ဆပ်ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲ/ပြိုင်ပွဲ၊ ဖွင့်ပွဲ/ပိတ်ပွဲ ကျင်းပရေးဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၂) နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ‌ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဆပ်ကော်မတီဝင်များ တက်ရောက်ကြသည်။

ဥတ္တရခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊  “ရင်သွေးပျိုးခင်း” ကိုယ်ပိုင်အလယ်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး (၁၁) ကြိမ်မြောက် ရန်အောင်မြင်သာသနာလင်္ကာရအကျော် စာတော်ပြန်ပွဲဖြေဆိုနေသည့် သံဃာတော်များအား ဖူးမြော်ကြည်ညို

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ရန်အောင်မြင်၊ ရွှေလက်လှစေတီတော်မြတ်ကြီးဝန်းအတွင်းရှိ သာသနာလင်္ကာရဗိမာန်တော်၌ ရန်အောင်မြင် ပရိယတ္တိသာသနာလင်္ကာရအသင်းမှ ကြီးမှူးကျင်းပသည့် (၁၁) ကြိမ်မြောက် ရန်အောင်မြင် သာသနာလင်္ကာရအကျော်စာမေးပွဲ ပထမနေ့ ဖြေဆိုနေသည့် စာဖြေသံဃာတော်များအား သွားရောက်၍ ဖူးမြော်ကြည်ညိုခဲ့သည်။

ဇမ္ဗူသီရိမြို့နယ်၊ မြို့မဈေး၌ မီးဘေးလုံခြုံရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်းနှင့် မီးသတိမူရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ မြို့မဈေးရှိ ဈေးသူဈေးသား ပြည်သူများအား မီးဘေးလုံခြုံရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း၊ လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်းနှင့် မီးသတိမူရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ သီရိပျံချီ၊ စည်သူ ဦးသန်းထွန်းဦး (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ချီးမြှင့်ခဲ့ပြီးဖြစ်သည့် ဂုဏ်ထူးဆောင်ဘွဲ့များကို အဝေးရောက်လက်ခံယူသည့် ကာယကံရှင်များထံသို့ လက်ရောက်ချီးမြှင့်အပ်နှင်း

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားများကို အောင်မြင်စွာကျင်းပကာ အခမ်းအနားတက်ရောက်လာသည့် ဘွဲ့ခံပုဂ္ဂိုလ်များထံ ရရှိသည့်ဂုဏ်ထူးဆောင်ဘွဲ့များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကိုယ်တိုင်တစ်ဦးချင်း လက်ရောက်ချီးမြှင့်အပ်နှင်းခဲ့ပြီးဖြစ်သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနား ကျင်းပ

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပသည်။

၂၀၂၅ ခုနှစ်၊ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု (Clean and Green School Award) များ ပေးအပ်ချီးမြှင့်နိုင်ရေး ကွင်းဆင်းစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ၂၀၂၅ ခုနှစ်၊ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု (Clean and Green School Award) များ ပေးအပ်ချီးမြှင့်နိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပါဝင်ယှဉ်ပြိုင်မည့် ဇေယျာသီရိမြို့နယ်ရှိ အခြေခံပညာကျောင်းများသို့ ဆုစိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့‌‌ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု (Clean and Green School Award) များ ပေးအပ်ချီးမြှင့်နိုင်ရေး ကွင်းဆင်းစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ၂၀၂၅ ခုနှစ်၊ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု (Clean and Green School Award)များ ပေးအပ်ချီးမြှင့်နိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပါဝင်ယှဉ်ပြိုင်မည့် ပုဗ္ဗသီရိမြို့နယ်ရှိ အခြေခံပညာကျောင်းများသို့ ဆုစိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ဇန်နဝါရီ ၈ ရက်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့‌‌ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ပုဗ္ဗသီရိမြို့နယ်ရှိ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီရန်ပုံငွေဖြင့် ဆောက်လုပ်ပြီးစီးသည့် ကျေးရွာစာကြည့်တိုက်များအား ကွင်းဆင်းကြည့်ရှု

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီရန်ပုံငွေဖြင့် ဆောက်လုပ်ပြီးစီးသည့် ကျေးရွာစာကြည့်တိုက်များ ဖွင့်လှစ်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ သရက်သမိန်ကျေးရွာ၊ ဇီးကုန်းကျေးရွာနှင့် လယ်သာကျေးရွာတို့တွင် စာကြည့်တိုက်အသစ် ဆောက်လုပ်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် နေပြည်တော်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေယျာထွန်း၊ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ သက်ဆိုင်ရာကျောင်းအုပ် ဆရာ၊ ဆရာမကြီးများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ငွေလုံး ငွေရင်း ရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် ပုဗ္ဗသီရိမြို့နယ်၊ အခြေခံပညာမူလတန်းလွန် ဖြုတ်ကုန်းကျေးရွာကျောင်းသို့ သွားရောက်၍ ခိုင်ခိုင်မြဲ ကုမ္ပဏီလီမိတက်မှ တာဝန်ယူ တည်ဆောက်နေသည့် Steel Structure (၆၀×၃၀) ပေ(၁)ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှုနှင့် အခြေခံပညာမူလတန်းလွန် သုခဒီပကျောင်းသို့ ဟိန်းတောက်ကြယ် ကုမ္ပဏီလီမိတက်မှ တာဝန်ယူ တည်ဆောက်နေသည့် Steel Structure (၆၀×၃၀)ပေ (၁)ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ