နေပြည်တော်ကောင်စီနယ်မြေ

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး လယ်‌ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၌ မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာထားရှိမှုအား ကြည့်ရှုအား‌ပေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူရနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များလိုက်ပါလျက် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပထမအကြိမ် မဲစာရင်းများ ကပ်ထားကြေညာမှုအား ကွင်းဆင်းကြည့်ရှုအားပေး၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အဆောက်အဦများ ပြန်လည်ပြုပြင်နေမှု၊ ဝန်ထမ်းအိမ်ရာအသစ်ဆောက်လုပ်နေမှုကြည့်ရှု

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊  နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့်တာဝန်ရှိသူများလိုက်ပါလျက် ဇမ္ဗူသီရိမြို့နယ်အတွင်း ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သောအဆောက်အဦများ ပြန်လည်ပြုပြင်နေမှုနှင့် ဝန်ထမ်းအိမ်ရာများ အသစ်ဆောက်လုပ်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ဥတ္တရခရိုင်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းများ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းများ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း မိုးရွာသွန်းမှုကြောင့် လမ်းရေကျော်မှုများ၊ ချောင်းရေတိုက်စားမှုများ ကြည့်ရှု၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့်တွေ့ဆုံ

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တပ်ကုန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်-မန္တလေးကားလမ်းနှင့် ရှောက်ကုန်းကျေးရွာဆက်သွယ်ထားသည့် ကျေးရွာအဝင်လမ်းအား နဝင်းချောင်းရေကျော်မှုများကြည့်ရှုကာ ကျေးရွာပြည်သူများ လမ်းပန်းဆက်သွယ်မှုအခက်အခဲမဖြစ်ပေါ်စေရေး လိုအပ်သည်များ သက်ဆိုင်ရာတာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့သည်။

တပ်ကုန်းမြို့၌ Grade 12 ကျောင်းသား/ကျောင်းသူများအား ဘာသာရပ်မိတ်ဆက်ပေးခြင်း ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် Grade 12 ကျောင်းသား၊ ကျောင်းသူများအား ဘာသာရပ်မိတ်ဆက်ပေးခြင်းအခမ်းအနားကို အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းက ‌ဗိုလ်မင်းရောင်ရပ်ကွက်၊ အောင်ဆန်းခန်းမတွင် ကျင်းပသည်။

ပုဗ္ဗသီရိမြို့နယ်အတွင်း မဲစာရင်းအပါအဝင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပုဗ္ဗသီရိမြို့နယ်အတွင်း မဲစာရင်းအပါအဝင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ပျဉ်းမနားမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနား တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် ၉ နာရီတွင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကိုကျင်းပရာ နေပြည်တော် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စာပေပညာရှင်များနှင့် အကဲဖြတ်ဒိုင်များ၊ အလှူရှင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်နေမှုနှင့် ငလျင်ဘေးပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကွင်းဆင်းစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝင်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် နေပြည်တော်အတွင်း သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်နေမှုနှင့် ငလျင်ဘေးပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း လူသုံးကုန်ထုတ်လုပ်မှုသင်တန်း၊ စက်မောင်းနှင်ထိန်သိမ်းမှုအခြေခံသင်တန်းတက်ရောက်၊ မိုးစပါးခင်း၊ ဥစားကြက်ခြံ၊ ဒေသထုတ်ကုန်လုပ်ငန်း ကွင်းဆင်းကြည့်ရှု

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်း၊ ခရိုင်တာဝန်ရှိသူများ၊ တပ်ကုန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူ၊  မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းက ရှားတောကျေးရွာအုပ်စု၊ ရွှေဥဒေါင်းကျေးရွာ သုတရောင်ခြည် စာကြည့်တိုက်သို့ရောက်ရှိကာ စာကြည့်တိုက်တွင် စာအုပ်စာစောင်များ ထားရှိမှု၊ စာအုပ်စာစောင် ငှားရမ်းမှုများကြည့်ရှုအားပေး ခဲ့ပြီး၊ လူသုံးကုန်ထုတ်လုပ်မှု(ဆပ်ပြာဆီ) သင်တန်းဖွင့်ပွဲတွင် သင်တန်းသားအနေဖြင့် သင်တန်းမှသင်ကြားပေးသည့် နည်းပညာရပ်များကို တတ်ကျွမ်းအောင် သင်ယူစေရေး၊ တတ်ကျွမ်းခဲ့သည့် ပညာရပ်များကို အသုံးပြုပြီး မိသားစုဝင်ငွေရရှိအောင် ဆောင်ရွက်ရေး ရှင်းလင်းပြောကြား ပြီးနောက် ဆပ်ပြာဆီထုတ်လုပ်မည့် ကုန်ကြမ်းများအား ကြည့်ရှုစစ်ဆေး၍လည်းကောင်း၊ စာကြည့်တိုက်အတွက် စာအုပ်စာ​​စောင်များ ပေးအပ်လှူဒါန်းခဲ့သည်။

လယ်ဝေးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်း‌ကြေညာထားရှိ၊ သီးနှံများပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး အသိပညာပေးသင်တန်းများဖွင့်လှစ်

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယမန်နေ့မွန်းလွဲပိုင်းက လယ်ဝေးမြို့နယ်၊ ဝက္ကမူကျေးရွာတွင် မဲဆန္ဒရှင်စာရင်းကြေညာထားရှိမှု၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သီးနှံများ ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး အသိပညာပေးသင်တန်း ဖွင့်လှစ်နေမှုနှင့် အေလာ‌ကျေးရွာတွင် မိုးစပါးစံကွက်ရိတ်သိမ်းနေမှုများအား ကြည့်ရှုအားပေးခဲ့သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ