နေပြည်တော်ကောင်စီနယ်မြေ

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး အရိပ်ရသစ်ပင်များဖြည့်ဆည်း စိုက်ပျိုးနေမှုနှင့် ပန်းခြံအတွင်း ပန်းအလှပင်များစိုက်ပျိုးနေမှုကို ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ  စက်တင်ဘာ ၁၂ ရက်နေ့ညနေပိုင်းက နေပြည်တော် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးသို့သွားရောက်ပြီး လမ်းနယ်ပြင်ပတွင် ကြိုးဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောများနှင့် မြေကွက်လပ်၊ မြေလွတ်/ မြေရိုင်းနေရာများတွင် ၅ ဧက၊ ၁၀ ဧကခန့်ရှိ သစ်တောငယ်များ တည်ထောင်နိုင်ရေး အတွက် သစ်ပင်များစိုက်ပျိုးရန် လျာထားသတ်မှတ်ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်ပရဝုဏ်အတွင်း နှစ်ရှည်ပင်နှင့်ပန်းအလှပင်များ စိုက်ပျိုးထားရှိမှုကိုလည်းကောင်း  ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ သွားနှင့် ခံတွင်းဆေးရုံကြီး(နေပြည်တော်)တွင် မျက်စိဝေဒနာရှင်များ အခမဲ့ ခွဲစိတ်ကုသပေးနေမှုအား ကြည့်ရှုအားပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ သွားနှင့် ခံတွင်းဆေးရုံကြီး၌ မျက်စိအမြင်အာရုံ ချို့ယွင်းနေသူများအား အခမဲ့ ကုသပေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ဆေးရုံကြီးတွင် ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ပုဗ္ဗသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မျက်စိဝေဒနာရှင်များအား အခမဲ့ကုသပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ ပုဗ္ဗသီရိမြို့နယ်ရှိ သွားနှင့်ခံတွင်းဆေးရုံကြီးတွင် မျက်စိဝေဒနာရှင်များ အခမဲ့ခွဲစိတ်ကုသပေးနေမှုအား ကြည့်ရှအားပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ သွားနှင့် ခံတွင်းဆေးရုံကြီး၌ မျက်စိအမြင်အာရုံချို့ယွင်းနေသူများအား အခမဲ့ကုသပေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက အဆိုပါဆေးရုံကြီးတွင်ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ ပုဗ္ဗသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မျက်စိဝေဒနာရှင်များအား အခမဲ့ကုသပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

တပ်ကုန်းမြို့၌ ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေး ဆွေးနွေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးနည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။

တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် အာဟာရဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဖြင့် ဒုတိယအကြိမ် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်းရှိ ကျောင်းများမှ ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများနှင့်ပူးပေါင်း၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဗိုလ်မင်းရောင်အခြေခံပညာအထက်တန်းကျောင်း (ခွဲ)မှ KG ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတွင် ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ ပုဗ္ဗသီရိမြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ အေးမြင့်သာယာအုပ်စု အေးမြင့်သာယာ ပင်လောင်းလမ်းဆုံနှင့် ခါးပြတ်အောင်စည်သာ လမ်းဆုံကြားရှိ ရွာချင်းဆက်လမ်း အခြေအနေကို နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ ပုဗ္ဗသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲ အခမ်းအနား တက်ရောက်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်း၍ ကျင်းပသည့် မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် ၂ဝ၂၅ တက်ရောက်ခဲ့သည့် နေပြည်တော် လူငယ်ကိုယ်စားလှယ်များမှ ဆွေးနွေးပွဲအတွေ့အကြုံများအား ပြန်လည်ဝေမျှခြင်း စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက Naypyitaw State Polytechnic University (NSPU)၌ ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည်တော် ကောင်စီဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များနှင့် ဒုတိယပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာများ၊ တက္ကသိုလ်အသီးသီးနှင့် အခြေခံပညာကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။

လယ်ဝေးမြို့နယ်၌ ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေး

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သီရိမင်္ဂလာခန်းမတွင် ယမန်နေ့နံနက် ၉ နာရီက ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ပျဉ်းမနားမြို့နယ်၌ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွား ၉၄၁ ဦးအား လူမှုရေးပင်စင် ထောက်ပံ့ငွေ များပေးအပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ ထောက်ပံ့ပေးအပ်လျက်ရှိသည်။

ပုဗ္ဗသီရိမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ လူငယ်စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Youth Club) ပညာရေးဌာနတို့နှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ