နေပြည်တော်ကောင်စီနယ်မြေ

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့်လုပ်ငန်းများ ပြန်လည်ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်စည်ပင်သာယာ‌ရေးကော်တီဝင်များ တာဝန်ရှိသူများနှင့်အတူ   ဥတ္တရသီရိမြို့နယ် ချောင်းမကြီး‌ရေလှောင်တမံသို့ သွားရောက်ပြီး  ငလျင်ဘေးကြောင့် ချောင်းမကြီးဆည်မှ တစ်ရက်ရေဂါလန်(၇ဒသမ၅)သန်း စစ်ထုတ်ပေးနိုင်သည့် ရေသန့်စင်စက်ရုံအမှတ်(၁)သို့ ပေးပို့သော ရေပို့ပိုက်လိုင်းပျက်စီးခဲ့သဖြင့် ချောင်းမကြီးဆည်အတွင်း ပွန်တွန်းပြုလုပ်ပြီးရေတွန်းပန့်မော်တာ(၆)လုံးတပ်ဆင်၍ OD 500 mm HDPE ပိုက်လိုင်း (၁၂၇၀၀) ပေ သွယ်တန်းတပ်ဆင်ခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိစစ်ဆေးရာ တာဝန်ရှိသူမျာက လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှု၊ ပွန်တွန်းမှ တစ်ရက်လျှင် ရေဂါလန် ရှစ်သန်းခန့်တွန်းပို့နိုင်မှု၊ ရေသန့်စင်စက်ရုံမှ သန့်စင်ပြီးရေများကို လွှတ်တော်နှင့် အိမ်တော်များ၊ ဇေယျသိဒ္ဓိရပ်ကွက်၊ ဝန်ကြီးဌာနရုံးများ၊ ကုတင်(၁၀၀၀)ဆေးရုံကြီး၊ မြို့မဈေး၊ သပြေကုန်းဈေး၊ ကံ့ကော်အိမ်ရာ၊ ခရေအိမ်ရာ၊ သုခတော်ဝင်အိမ်ရာတို့သို့ သောက်သုံးရေပေးဝေနေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ မှာကြားခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ယမန်နေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဥတ္တရသီရိရပ်ကွက်၊ ဇေယျဌာနီလမ်းမကြီးဘေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့မှ ကြီးကြပ်၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်းများက မြို့သန့်ရှင်းသာယာလှပစေရေးအတွက် သစ်ပင်၊ ချုံနွယ်၊ မြက်ပင်အမှိုက်များကို ဖယ်ရှားရှင်းလင်းနေမှုအခြေအနေများအား ကြည့်ရှုစစ်‌ဆေးသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လုပ်ငန်းများပြန်လည်ပြုပြင်နေမှုကို ကွင်းဆင်းစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ တာဝန်ရှိသူများနှင့်အတူ ပျဉ်းမနားမြို့နယ်၊ သူဌေးကုန်းကျေးရွာသို့ သွားရောက်ပြီး မြို့နယ်သမဝါယမအသင်းစုပိုင် ဘက်စုံသုံးခြံ၌ ရုရှားနေကြာ သုံးမျိုးစပ်(၁၅)ဧက စိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး တောင်သူများအား မျိုး၊ မြေ၊ ရေ၊ နည်း စိုက်နည်းစနစ်မှန်ကန်စေရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သဘာဝမြေဩဇာကို အချိုးကျစွာပေါင်းစပ်အသုံးပြုနိုင်ရေး၊ တောင်သူများအနေဖြင့် သီးနှံများအား ရာသီပြည့်စိုက်ပျိုးနိုင်ရေးတို့ကိုမှာကြားပြီး တာဝန်ရှိသူများမှ အောင်မြင်ဖြစ်ထွန်းအောင်စိုက်ပျိုးရမည့် နည်းလမ်းများနှင့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ရမည့် နည်းလမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ် ဒက္ခိဏသီရိမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်သည် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရွာမကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၆၇၂)ကွင်းအတွင်းရှိ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)(၁၀)ဧက ဖြစ်ထွန်းနေမှု အခြေအနေအား  ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် လယ်ဝေးမြို့နယ် စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူရနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းက မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ ဇမ္ဗူသီရိမြို့နယ်၌ သတ္တမအကြိမ်မြောက် စာအောင်သံဃာတော်များ ဂုဏ်ပြုပူဇော်ပွဲနှင့် သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ မင်္ဂလာအခမ်းအနားသို့ တက်ရောက်

ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ သာသနဥပတ္ထမ္ဘကအဖွဲ့ကကြီးမှူးကျင်းပသော သတ္တမအကြိမ်မြောက် စာအောင်သံဃာတော်များ ဂုဏ်ပြုပူဇော်ပွဲနှင့် သံဃာ့ဒါနဆွမ်းဆန်စိမ်း လောင်းလှူပူဇာ်ပွဲအခမ်းအနားကို သပြေကုန်းရပ်ကွက်ရှိ မစိုးရိမ်တိုက်သစ်၌ ယမန်‌နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည် ။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော ဝန်ထမ်းအိမ်ရာများနှင့် လမ်းပိုင်းများ ပြန်လည်ပြုပြင်နေမှုအား ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်အတွင်းရှိ နေပြည်တော်ကောင်စီ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အမှုထမ်းအိမ်ရာ ၆ ခန်းတွဲ ၄ ထပ် တည်ဆောက်နေသည့်အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းများသတ်မှတ်ချိန်အတွင်း အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ လူအင်အား၊ စက်ယန္တရားအင်အား တိုးမြှင့်ဆောင်ရွက်ရေး၊ လုပ်ငန်းခွင်အတွင်း အရည်အသွေးပြည့်မီသည့် ပစ္စည်းများကိုသာ အသုံးပြုသွားရန်၊ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ရေးနှင့် ငလျင်ဒဏ်အပြင် သဘာဝဘေးအန္တရာယ်ခံနိုင်ရည်ရှိအောင် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေးတို့ကိုမှာကြားခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ပျဉ်းမနားမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီရဲမိုး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဝန်ထမ်းအိမ်ရာအသစ်ဆောက်လုပ်နေမှုနှင့် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်နေမှုအခြေအနေများ၊ နေပြည်တော်ကောင်စီလမ်း နိုင်လွန်ကတ္တရာ (AC) ခင်းကျင်းနေမှုအား ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများနှင့်အတူ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအနီးရှိ နေပြည်တော်အုတ်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက စက်ရုံ၏ဘဏ္ဍာရေးနှစ်အလိုက် အရှုံးအမြတ်အခြေအနေအားဆွေးနွေးတင်ပြခဲ့ပြီး စက်ရုံအတွင်း အုတ်စိမ်းထုတ်လုပ်နေမှုနှင့် လက်ရှိထုတ်လုပ်နေသည့် Top Burning System မှ ပိုမိုကောင်းမွန်သည့် မြေကြီးတွင် ကျောက်မီးသွေးရောစပ်၍ အုတ်ကျက်ထုတ်လုပ်မည့် Internal Burning System ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများကို လိုက်လံရှင်းလင်းတင်ပြခဲ့ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ကုန်ထုတ်လုပ်မှုအား အရှိန်အဟုန်မပြတ်ဆောင်ရွက်နိုင်ရန်နှင့် အရှုံးမဖြစ်ပေါ်စေရေးအတွက် ကြိုတင်တွက်ချက်ဆောင်ရွက်ထားရန်လမ်းညွှန်မှာကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဒက္ခိဏခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကျင်းပသည့် နေပြည်တော်စာပေဝိုင်းသို့ တက်ရောက်

နေပြည်တော်စာပေဝိုင်းကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်(စာရေးဆရာကိုကိုလှိုင်)၊ နေပြည်တော် စာပေဝိုင်းနာယက အမျိုးသားစာပေတစ်သက်တာဆုရှင် ဆရာမကြီး တင်ရီမ(ညောင်ဦး)၊ အမျိုးသားစာပေဆုရှင် အလင်္ကာကျော်စွာ ချစ်နိုင်(စိတ်ပညာ)၊ အမှတ်(၂) တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်မှ ဗိုလ်မှူးကြီး ဒေါက်တာအောင်ကျော်ဦး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာ၊ ဆရာမများနှင့် စာပေဝါသနာရှင်များ တက်ရောက်ကြသည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ