နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး (၇၈) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေးဦးစီးကော်မတီနှင့် ဆပ်ကော်မတီများလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်သည်။