နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်တွင် နွေ၊ မိုး၊ ဆောင်း ရာသီပြည့် တစ်နှစ်သုံးသီးစားသီးနှံစိုက်ပျိုးနိုင်ရေး တောင်သူများနှင့်တွေ့ဆုံ
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် နွေ၊ မိုး၊ ဆောင်းရာသီပြည့် တစ်နှစ်သုံးသီးစား သီးနှံစိုက်ပျိုးနိုင်ရေး တောင်သူများနှင့် တွေ့ဆုံခြင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီက သပြေချောင်းကျေးရွာ၊ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ(KC) ခန်းမတွင် တွေ့ဆုံခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးမှူးဥက္ကဋ္ဌ ဦးအောင်သူနှင့် မြို့နယ်အဆင့်စိုက်ပျိုးကြီးကြပ်ရေးအဖွဲ့ဝင်များ၊ တောင်သူပေါင်း ၆၅ ဦး တက်ရောက်ခဲ့သည်။