ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ လောကမာရ်အောင်ဆုတောင်းပြည့်စေတီတော်မြတ် ကြီး၌ ပြည်နယ်အစိုးရအဖွဲ့နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ ကြီးမှူးကျင်းပသော စတုတ္ထအကြိမ် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲသို့တက်ရောက်
ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ကကြီးမှူး၍ နှစ်စဉ်ကျင်းပ မြဲဖြစ်သည့် စတုတ္ထအကြိမ် အသံမစဲမမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ရှိ ရှေးဟောင်းသမိုင်းဝင် လောကမာရ်အောင် ဆုတောင်းပြည့်စေတီတော်မြတ်ကြီး ပုရဝုဏ်ရှိ အောင်ခြင်းရှစ်ပါးဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။