ဗန်းမော်မြို့တွင် ဧရာဝတီမြစ်ရေ ပြန်လည်ကျဆင်းသွားသောနေရာများ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် ဧရာဝတီမြစ်ရေ ပြန်လည်ကျဆင်းသွားသောကြောင့် ဘုန်းတော်ကြီးကျောင်းများနှင့် အိမ်များတွင် ကျန်ရှိနေသော နုန်းမြေများ၊ အမှိုက်များ၊ ရွံ့စေးများကို ဗန်းမော်ခရိုင်မီးသတ်ဦးစီးဌာနမှ ယမန်နေ့နံနက် ၈ နာရီခွဲတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။