ကချင်ပြည်နယ်ဝန်ကြီးချုပ် ရိုးပြတ်ကျန် မိုးစပါးစိုက်ကွင်းများအတွင်း လယ်သီးထပ် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားဆီဖူလုံရေးအတွက် သီးထပ်စိုက်စွမ်းအား ၂၀၀ ရာခိုင်နှုန်းရရှိစေခြင်းဖြင့် ဆီဖူလုံမှု ၁၀၀ ရာခိုင်နှုန်းရရှိစေရေး ဦးတည်ရည်မှန်းချက်ထား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်း ၉ နာရီက မြစ်ကြီးနားမြို့ ပလန(၂) ကံကော်မြိုင်ကျေးရွာ၊ ကွင်းအမှတ် (၄၅) ကံကော်မြိုင်ကွင်းအတွင်း လယ်သီးထပ်ဆောင်း သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူအသိပေးဆွေးနွေးပွဲနှင့် ထယ်ရေးထွန်ယက်ပွဲအား တက်ရောက် ကြည့်ရှုအားပေးခဲ့ကြသည်။