ကချင်ပြည်နယ်

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၃)နှစ်ဆက်တိုက် စံချိန်တင်တံခွန်စိုက်ဆုများ ရရှိခဲ့ကြသော ပြည်နယ်လက်ရွေးစင်အောင်ပွဲရ ဂျူဒိုအသင်းအား စည်ကားသိုက်မြိုက်စွာ ကြိုဆိုဂုဏ်ပြုချီးမြှင့်

၂၀၂၄ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ဂျူဒိုပြိုင်ပွဲတွင် ကချင်ပြည်နယ်အနေဖြင့် အမျိုးသား၊ အမျိုးသမီးတို့က ပါဝင်ယှဉ်ပြိုင်ကြပြီး ရွှေတံဆိပ် (၈)ခု၊ ငွေတံဆိပ် (၁)ခုနှင့် ကြေးတံဆိပ် (၅)ခုတို့ဖြင့် အမျိုးသမီးတံခွန်စိုက်၊ စုပေါင်းတံခွန်စိုက်ဆုများနှင့် အကောင်းဆုံးအမျိုးသမီးကစားသမားဆုများရရှိခဲ့သည့် ပြည်နယ်လက်ရွေးစင်ဂျူဒိုအသင်းသည် ယမန်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်က မြစ်ကြီးနားမြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာခဲ့ကြရာ သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြသည်။

မိုးညှင်းမြို့နယ်တွင် မိုးစပါးစိုက်ဧက (၁၃၆၇၈၉)ဧကထိ လျာထားစိုက်ပျိုးသွားမည်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် ယခုနှစ် မိုးစပါးစိုက်ပျိုးရာ မိုးစပါးစိုက်ဧက (၁၃၆၇၈၉)ဧကထိ လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

တနိုင်းမြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့ KBC ဘုရားကျောင်းခန်းမတွင် ဇွန် ၈ ရက် နံနက် ၁၀ နာရီက မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ Biometric ကောက်ယူခြင်းနှင့် ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့်ဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ အောင်ဇေရန်အောင်ဘိုးဘွားရိပ်သာအား ဖွင့်လှစ်ပေး၊ ကမ်းနားလမ်းတစ်လျှောက် အများပြည်သူ အပန်းဖြေရာနေရာများ သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ဘိုးဘွားရိပ်သာတစ်ခုဖြစ်သည့် အောင်ဇေရန်အောင် ဘိုးဘွားရိပ်သာဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီ ၄၀ မိနစ်တွင် ‌အောင်ဇေရန်အောင် ဗောဓိတစ်ထောင်ဘုရားဝင်းအတွင်းရှိ အဆိုပါ ဘိုးဘွားရိပ်သာအဆောက်အဦးရှေ့၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက တက်ရောက်ဖွင့်လှစ်ပေးကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပလနကျေးရွာအုပ်စုအတွင်း တောင်သူများအား မျိုးသန့်ပွားများရေး နည်းပညာပေးဆွေးနွေးပွဲနှင့် ပြည်နယ်ဥပဒေချုပ်ရုံး ဝန်ထမ်းသား/သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်

ကချင်ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးနှင့် အထွက်တိုးမျိုးစပါးများ ပန်းတိုင်အထွက် နှုန်းရရှိရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဇွန် ၉ ရက် နံနက် ၉ နာရီက ပလန(၂) ကံ့ကော်မြိုင်ကျေးရွာ၊ ကွင်းအမှတ်(၄၅) ကံ့ကော်မြိုင်ကွင်း၌ မိုးစပါးစိုက်ပျိုးချိန် တောင်သူများအား မျိုးသန့်ပွားများရေး နည်းပညာပေးဆွေးနွေးပွဲနှင့် စုပေါင်းထွန်ယက်ပွဲ အခမ်းအနားသို့ တက်ရောက် ခဲ့ကြသည်။

ကချင်ပြည်နယ်၊ နည်းပညာတက္ကသိုလ် (မြစ်ကြီးနား) ကျောင်းဝင်းအတွင်း ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်လျော့ပါးစေရေး၊ မိုးခေါင်ရေရှားမှုနှင့် အပူဒဏ်ကာကွယ်ရေး၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ပြည်သူများ သစ်တောသစ်ပင်များ၏ တန်ဖိုးကို နားလည်ပြီး သစ်ပင်စိုက်ပျိုးခြင်းနှင့် သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများတွင် ပိုမိုပူးပေါင်းပါဝင်လာစေရေး ရည်ရွယ်၍ ကချင်ပြည်နယ်သစ်တောဦးစီးဌာနက ကြီးမှူး၍ ယမန်နေ့နံနက် ၈ နာရီက မြစ်ကြီးနားမြို့ နည်းပညာတက္ကသိုလ်ကျောင်းဝင်းအတွင်း၌ ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပပြုလုပ်သည်။

ဗန်းမော်မြို့တွင် အခြေခံပညာကျောင်းများ သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဆရာ/ဆရာမများပူးပေါင်းဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင်၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းဖွင့်ရာသီတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းသာစွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်း ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စစ်ဆင် ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်လတ် နှင့် အဖွဲ့ဝင်များ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဆရာ/ ဆရာမများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ဇွန်လ ၈ ရက် နံနက် ၇ နာရီက အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်၊ ပြည်နယ်လက်ရွေးစင် ရေကူး အားကစားအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်၊ ယာယီနေရပ်စွန့်ခွာလာ သည့် ဆရာ/ဆရာမ (၂၉၀) ကျော်အား ဆန်နှင့် ခေါက်ဆွဲများထောက်ပံ့ပေးအပ်ပွဲတက်ရောက်

ကချင်ပြည်နယ်အစိုးရဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့အား မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်ပြီး စိမ်းလန်းစိုပြည်သည့် ပန်းမြို့တော်ဖြစ်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေး အတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့သည်။

မိုးညှင်းမြို့၌ စာပေဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် စာပေဟောပြောပွဲကို ယနေ့ နံနက်(၉)နာရီက အ.ထ.က (၂) ရှိ မြတ်သရဖူခန်းမ၌ ကျင်းပသည်။

မိုးညှင်းမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး အသိပညာပေးဆိုင်းဘုတ် စိုက်ထူ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ၂၀၂၄ ခုနှစ် လူဦးရေးနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လူထုအသိပညာပေး Billboard စိုက်ထူခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲမှစတင်၍ အောင်သပြေရပ်ကွက်ရှိ စုပေါင်းရုံးအနီ မီးပွိုင့်လမ်းဆုံနေရာနှင့် နားခါရပ်ကွက် အထင်ကရဆင်ရုပ်ကြီးအနီး မြို့လယ်လမ်းဆုံနေရာတို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်