ကချင်ပြည်နယ်သံယဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်ပြည်နယ်အတွင်း စက်သုံးဆီများရည်ညွှန်းဈေးနှုန်းဖြင့် ပုံမှန်ရောင်းချနိုင်ရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး၊ ရေဘေးသင့် စည်ပင်လုပ်သားဝန်ထမ်းများအား အခြေခံစားသောက်ကုန်များထောက်ပံ့
ကချင်ပြည်နယ်အတွင်း စက်ဆုံးဆီရောင်း/ ဝယ်မှုများနှင့်စပ်လျဉ်း၍ ရည်ညွှန်းဈေးနှုန်းနှင့်အညီ ဆိုင်များပုံမှန်ဖွင့်လှစ်ရောင်းချရေး ပြည်နယ်စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ဒေသတွင်း စက်သုံးဆီလုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။