မြစ်ကြီးနားမြို့၌ ဝန်ထမ်းများ၏ သား/သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲနှင့် ရေဘေးသင့်ဝန်ထမ်းမိသားစုများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်
စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ကချင်ပြည်နယ် ကြီးကြပ်စစ်ဆေးရေးအရာရှိရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၏ သား/ သမီးများနှင့် ရေဘေးသင့်ဝန်ထမ်းမိသားစုများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို မြစ်ကြီးနားမြို့ရှိ အဆိုပါရုံးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။