ကချင်ပြည်နယ်ဝန်ကြီးချုပ် အောင်ပွဲရကချင်ပြည်နယ်လက်ရွေးစင် ရေကူးအသင်းအား မြစ်ကြီးနားလေဆိပ်၌ ဂုဏ်ပြုကြိုဆို
၂၀၂၄ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရေကူးပြိုင်ပွဲတွင် ကချင်ပြည်နယ်အနေဖြင့် ပထမဆုံးအကြိမ်အဖြစ် ပြည်နယ်အတွင်းမှ အားကစားသမားများအား စခန်းသွင်းလေ့ကျင့်ပြီး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်(၃)ခု၊ ကြေးတံဆိပ်(၁)ခုတို့ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် တတိယအဆင့်ရရှိခဲ့သော ပြည်နယ်လက်ရွေးစင်ရေကူး အသင်းသည် ဇွန် ၁၅ ရက် ည ၇ နာရီခွဲတွင် မြစ်ကြီးနားမြို့သို့ ပြန်လည်ရောက်ရှိခဲ့ရာ စည်ကားသိုက်မြိုက်စွာ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။