ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ၏ (၄/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေး၊ စုပေါင်းသန့်ရှင်းရေးနှင့် ကက်သလစ်အသင်းတော် စိန်သောမတ် (စ်) ဓမ္မာရုံသစ်ဖွင့်ပွဲသို့ တက်ရောက်
ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် ၈ ဘီလီယံဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်မြင့်မားလာစေရေး မတည်ဆောင်ရွက်ပေးလျက်ရှိရာ ချေးငွေ ပထမနှစ် စက်ဝန်းကို အောင်မြင်စွာ လည်ပတ်နိုင်ခဲ့ပြီး ရန်ပုံငွေ ဒုတိယနှစ်စက်ဝန်း လည်ပတ် ရာတွင် လုပ်ငန်းကဏ္ဍအလိုက် လုံခြုံစိတ်ချပြီး ပိုမိုတိုးတက်အောင်မြင်အောင် လည်ပတ်နိုင်ရေး ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအစည်းအဝေး (၄/၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ် ၁၈ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ပြုလုပ်ခဲ့သည်။