ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပခဲ့သည့် အစိုးရဓမ္မာစရိယပါဠိ ပထမပြန်စာမေးပွဲများအတွက် တတိယအကြိမ် စာအောင်ဆုနှင်းသဘင်အခမ်းအနားတက်ရောက်
ကချင်ပြည်နယ် အစိုးရအဖွဲ့က ဆရာတော်ကြီး၏ သြဝါဒခံယူ၍ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဌာနဆိုင်ရာများ၊ စေတနာရှင်၊ အလှူရှင်များ ပူးပေါင်း ပါဝင်လှူဒါန်းမှုဖြင့် ၂၀၂၃ ခုနှစ်တွင် အစိုးရဓမ္မာစရိယပါဠိပထမပြန် စာမေးပွဲများကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး စာအောင် ရဟန်း/သံဃာ များအား တတိယအကြိမ် စာအောင်ဆုနှင်းသဘင်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ မင်းရပ်ရပ်ကွက်ရှိ သာသနာ့ဗိမ္မာန်တော်၌ ကျင်းပပြုလုပ်သည်။