စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် မြစ်ကြီးနားမြို့ စိုက်ပျိုးရေး၊ မွေးမြူရေးသိပ္ပံကျောင်း၌ ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာများ၊ ကျောင်းသား/ကျောင်းသူများနှင့် တွေ့ဆုံ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဇန်နဝါရီ ၁၀ ရက် ညနေပိုင်းက မြစ်ကြီးနားမြို့၊ စိုက်ပျိုးရေး၊ မွေးမြူရေးသိပ္ပံကျောင်း ဧရာမြစ်ဆုံခန်းမတွင် သယံဇာတရေးရာဝန်ကြီးဌာနဝန်ကြီး ဦးတိန့်ဆောင်၊ ဝန်ကြီးဌာနအောက်ရှိ ပြည်နယ်ဦးစီးမှူးများ၊ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများနှင့် တွေ့ဆုံအမှာစကားပြောကြားခဲ့သည်။