ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားသမား နားနေဆောင် (၃)ထပ် အဆောက်အဦသစ်နှင့် ပိုက်ကျော်ခြင်း အားကစားရုံသစ်များဖွင့်လှစ်
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပြည်နယ်ရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးသည့် အားကစားသမားနားနေဆောင် (၃)ထပ် အဆောက်အဦသစ်နှင့် ပိုက်ကျော်ခြင်းအားကစား ရုံသစ်ဖွင့်ပွဲ အခမ်းအနားများကို ယမန်နေ့ နံနက် ၉ နာရီက ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနပိုင် ငြိမ်းချမ်းသာယာအားကစားကွင်းအတွင်းရှိ အဆိုပါ အဆောက်အဦသစ်များရှေ့၌ ကျင်းပပြုလုပ်သည်။