ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်နှင့်အညီ ထုပ်ပိုးခြင်း၊ ရုပ်ပုံကပ်ခြင်း၊ စာသားများ ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာ အမိန့် ပြဌာန်းချက်များနှင့်ပတ်သက်၍ ကချင်ပြည်နယ်အဆင့် အသိပေးရှင်လးင်းပွဲ ကျင်းပ
ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်းနှင့် ကျန်းမာရေးသတိပေးရုပ်ပုံများ စာသားများ ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာ အမိန့်ပါပြဌာန်းချက်များ၊ လုပ်ငန်းလမ်းညွှန်ချက်များနှင့် ဆန်းစစ်ချက်ပုံစံများအား ပြည်နယ်အဆင့် အသိပေးရှင်းလင်းပွဲကို ဇန်နဝါရီ ၂၆ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်ရှိ ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပသည်။