ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ပြည်သူများဆန္ဒမဲပေး
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယနေ့နံနက် ၆ နာရီကစတင်ပြီး မဲရုံများဖွင့်လှစ်၍ကျင်းပလျက်ရှိရာ ကချင်ပြည်နယ်အတွင်း ရွေးကောက်ပွဲအပိုင်း (၁) တွင်ပါဝင်သည့် မြစ်ကြီးနားမြို့နယ်အတွင်းရှိ မဲရုံများ၌ ပြည်သူများ ဆန္ဒမဲပေးခြင်းကို တည်ငြိမ်အေးချမ်းစွာ ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။