ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒီဇင်ဘာအားကစားလ နောက်ဆုံးအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ ပါဝင်ဆင်နွှဲ
ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ဒီဇင်ဘာအားကစားလ လူထုအားကစားလှုပ်ရှားမှုအဖြစ် အပတ်စဉ် စနေနေ့တိုင်း လူထုစုပေါင်းလမ်းလျှောက်ပွဲကို မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ် လျက်ရှိရာ ဒီဇင်ဘာ ၃၀ ရက် နံနက် ၆ နာရီက လမ်းလျှောက်ပွဲသို့ ဌာနဆိုင်ရာများ၊ ဒေသခံ ပြည်သူအများအပြား ပါဝင်ဆင်နွှဲခဲ့ကြသည်။