ကချင်ပြည်နယ်

မိုးကောင်းမြို့ (Community Centre) ခန်းမ၌ လောကဓံဘောလုံးလေး အတွေးရသစာစုစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ Book Club အသင်းဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများ က ဦးဘုန်း(ဓာတု)ရေးသားသည့် လောကဓံဘောလုံးလေးအတွေး ရသစာစုစာအုပ်ဖြင့် ဒီဇင်ဘာလ (၇)ရက်နေ့ နေ့လယ်(၁)နာရီတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ကချင်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်း စိုပြည်သောကျောင်း (Clean & Green Schools) အကောင်အထည်ဖော်ဆောင်ရေး မြစ်ကြီးနားခရိုင် အတွင်းရှိ ‌အခြေခံပညာကျောင်းများအတွက် ထောက်ပံ့ငွေများချီးမြှင့်ပေးအပ်

ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ကချင်ပြည်နယ် အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများ (Clean and Green Schools) ပေါ်ထွန်း လာစေရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယမန်နေ့ နံနက် ၁၀ နာရီက အောင်နန်းရပ်ကွက် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ နိုင်ငံရတနာခန်းမ၌ မြစ်ကြီးနားခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများအတွက် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးအတွက် ပံ့ပိုးငွေများကို ထောက်ပံ့ပေးအပ်သည်။

မံစီမြို့နယ်၌ စာဖတ်ရှိန်မြင့်တင်ရေးအတွက် နယ်လှည့်ကွင်းဆင်း အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် မောရဝတီရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဉီးစီးဌာနတို့ ပူးပေါင်း၍ နယ်လှည့်ကွင်းဆင်း အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဗန်းမော်မြို့ အ.ထ.က(ခွဲ) အ.လ.က (၃)ကျောင်းတွင် လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးကို ရည်ရွယ်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီခွဲခန့်က အ.ထ.က(ခွဲ)၊ အ.လ.က(၃) မေတ္တာခန်းမတွင် ကျင်းပကြောင်းသိရသည်။

မိုးကောင်းမြို့၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ အ.ထ.က(၁) ကျောင်းမဉ္ဇူသကခန်းမ၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲကို ယမန်နေ့နံနက် (၉)နာရီတွင် ကျင်းပသည်။

ကာမိုင်း၌ (၁၀၃)နှစ်မြောက် အမျိုသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့တွင် (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသည့်အ‌နေဖြင့် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။

မိုးကောင်းမြို့ Community Centre ခန်းမ၌ (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် Community Centre ခန်းမ၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဒီဇင်ဘာ(၇)ရက် နံနက်(၁၀)နာရီတွင် ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ရှိ ကတ်သလစ်သာသနာ သံလုကာကောလိပ် ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် (၇၅)နှစ်မြောက် ဓမ္မသင်တန်းကျောင်း စိန်ရတုဂျူဗလီပွဲတော်သို့ တက်ရောက်အားပေး

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ သံလုကာကောလိပ်ကျောင်းဝင်းအတွင်း စေတနာရှင်၊ အလှူရှင်များ၏ လှူဒါန်းသည့် ငွေကြေး၊ ဝတ္တုပစ္စည်းတို့ဖြင့် ဆောက်လုပ်ပြီးစီးသော သံလုကာကောလိပ်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ဓမ္မသင်တန်းကျောင်း(၇၅)နှစ်မြောက် စိန်ရတုဂျူဗလီပွဲတော် ဆုတောင်း ကောင်းချီးပေးပွဲအခမ်းအနားကို ဧဒင်(တပ်ကုန်း)ရပ်ကွက်ရှိအဆိုပါ ကောလိပ်ဝင်းအတွင်း ကျောင်းဆောင်သစ်ရှေ့၌ ကျင်းပပြုလုပ်သည်။

ဖားကန့်မြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပ

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၇)ရက် တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့တွင် ကျရောက်သည့် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကို ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဖားကန့်မြို့ အခြေခံပညာအထက်တန်းကျောင်း ဥတုရတနာခန်းမ၌ ယမန်နေ့နံနက် (၉)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

မိုးညှင်းမြို့၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားနှင့် ဆုရရှိသူများအား ဆုများချီးမြှင့်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား ဆုများချီးမြှင့်ခြင်းကို ယနေ့နံနက် (၈) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။
Subscribe to ကချင်ပြည်နယ်