ကချင်ပြည်နယ်

ခေါင်လန်ဖူးမြို့၌ ရဝမ်အမျိုးသားနေ့အထိမ်းအမှတ် လူငယ်မိတ်သဟာရ ဘောလုံးပြိုင်ပွဲကွင်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့တွင် မြို့နယ်ရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်းကကြီး မှူး၍ ဒီဇင်ဘာ(၉)ရက်နေ့တွင် ကျရောက်သည့် ရဝမ်အမျိုးသားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရဝမ်အမျိုး သားနေ့အထိမ်းအမှတ် လူငယ်များမိတ်သဟာရ ဘောလုံးပြိုင်ပွဲကွင်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက ခေါင်လန်ဖူးမြို့နယ် ပြည်သူ့အားကစားကွင်း၌ကျင်းပသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့က မြစ်ကြီးနားအကျဉ်းထောင်အတွင်း ရိုးရာကောက်သစ်စားပွဲတော် ကျေးဇူးတော်ချီးမွမ်းပွဲ ကျင်းပပြုလုပ်ပေး

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ မြစ်ကြီးနားအကျဉ်းထောင်အတွင်းရှိ အကျဉ်းသား/ အကျဉ်းသူများအတွက် ရိုးရာကောက် သစ်စားပွဲတော် ကျေးဇူးတော်ချီးမွမ်းခြင်း ဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်ကို ယနေ့နံနက် ၉ နာရီက အကျဉ်းထောင်အတွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

မိုးကောင်းမြို့၌ ၂၀၂၃ ခုနှစ် ဝိနယသဒ္ဓမ္မပါလစာမေးပွဲ ဖြေဆို

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ မဟာတိလောကာရာမစာသင်တိုက်၌ ၂၀၂၃ ခုနှစ် ဝိနယသဒ္ဓမ္မပါလစာမေးပွဲကို ယနေ့ မွန်းတည့်(၁၂)နာရီတွင် ကျင်းပသည်။

မိုးကောင်းမြို့ ဥတ္တရာရုံသီလရှင်ကျောင်းတိုက်၌ အဘိဓမ္မာ(၇)ကျမ်း အသံမစဲ ရွတ်ဖတ်ပူဇော်

အနန္တောအန္တငါးပါကိုဦးထိပ်ထားလျက် အဘိဓမ္မာဒေသနာတော်မြတ်ကြီး အဓွန့်ရှည်တည်တံ့ ပါစေခြင်းအကျိုးငှာ သာသနာတော်မြတ်ကြီး အစဉ်တည်တံခိုင်မြဲစေရန် ရည်ရွယ်၍ ကချင်ပြည်နယ်၊ အထက်ရှမ်းစုကျေးရွာ ဥတ္တရာရုံသီလရှင်ကျောင်းတိုက်၌ ဒသမအကြိမ်မြောက် အသံမစဲ အဘိဓမ္မာ (၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီတွင် ကျင်းပသည်။

ဝိုင်းမော်မြို့နယ်၌ တိုးချဲ့ကာကွယ်ဆေးထိုးနှံခြင်းနှင့် မိခင်ကလေးကျန်းမာရေး စစ်တမ်းကောက် ယူခြင်းအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် ပြည်သူ့ကျန်မာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် တိုးချဲ့ကာကွယ်ဆေးထိုးနှံခြင်းနှင့် မိခင်ကလေးကျန်းမာရေးစစ်တမ်း ကောက်ယူခြင်းအခမ်းအနားကို ဒီဇင်ဘာ ၄ ရက်နံနက် ၁၀ နာရီခွဲက ဝိုင်းမော်မြို့နယ်၊ ရပ်ကွက်(၂)ရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာနရှိ ယာယီမဏ္ဍာပ်တွင်ကျင်းပခဲ့သည်။

မိုးညှင်းမြို့၌ မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃)အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃)အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်း လုပ်ငန်းများကို နိုဝင်ဘာ(၃၀)ရက် နံနက်(၁၀)နာရီက အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း(မြို့မ)၌ ဆောင်ရွက်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ယာယီကုန်တင် ကားကြီးများ ရပ်နားစခန်း ဆောင်ရွက်မည့် လျာထားမြေနေရာအား ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် မြစ်ကြီးနားမြို့၌ တည်ဆောက်သွားမည့် ယာယီကုန်တင်ကားကြီးများ ရပ်နားစခန်း ဆောင်ရွက်မည့် လျာထားမြေနေရာအား ယမန်နေ့ ညနေပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားနှင့်ဝိုင်းမော်မြို့နယ်အတွင်း သီးထပ်စွမ်းအားတိုးမြှင့် စိုက်ပျိုးနိုင်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ဒေသတွင်းစားရေရိက္ခာဖူလုံရေးနှင့် ဆီထွက်သီးနှံနေကြာအပါအဝင် သီးထပ်စိုက်ပျိုးစွမ်းအား တိုးမြှင့်စိုက်ပျိုးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် ဒီဇင်ဘာ ၂  ရက် မွန်းလွဲ ၂ နာရီက မြစ်ကြီးနားနှင့်ဝိုင်းမော်မြို့နယ်အတွင်းရှိ စံပြစိုက်ကွင်းများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒီဇင်ဘာအားကစားလ ပထမအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲ ပထမအပတ်အဖြစ် ယမန်နေ့ နံနက် ၅ နာရီခွဲက မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်ရာ သီတာရပ်ကွက် ပြည်နယ်ဘောလုံးကွင်းရှေ့ စုရပ်မှ တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြ သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာကျောင်းသားအားကစားအဖွဲ့သို့ အောင်နိုင်ရေး အလံပေးအပ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားများ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနက ကြီးမှူးကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အခြေခံပညာ အားကစားပွဲတော်သို့ သွားရောက်ပါဝင်ယှဉ်ပြိုင်ကြမည့် ကချင်ပြည်နယ် ကိုယ်စားပြု အခြေခံပညာကျောင်းသား အားကစားအဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း၊ ရွှေသွေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to ကချင်ပြည်နယ်