ကချင်ပြည်နယ်

ကချင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ရက် (၁၀၀) ကာလအတွင်း စည်ပင်သာယာရေးအဖွဲ့မှ အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ အမှုဆောင်အရာရှိများနှင့်တွေ့ဆုံ

နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ရက်ပေါင်း ၁၀၀ ကာလအတွင်း ကချင်ပြည်နယ်အတွင်းရှိ မြို့ပြများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွား မည့် Quick Win  လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင်က ယမန်နေ့မွန်းလွဲပိုင်းတွင် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိများနှင့် တွေ့ဆုံရှင်းလင်းဆွေးနွေးခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မဟာသဒ္ဒမဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တစန္တောဘာသ ရန်အောင်မြင်ကျောင်းတိုက်ဆရာတော်၏ ထပ်ဆင့် ဝိသိဌရဂုဏပူဇာ မင်္ဂလာအခမ်းအနားသို့ တက်ရောက်ကြည်ညိုပူဇော်

မဟာသဒ္ဒမဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက် ရန်အောင်မြင်(ဘုမ္မော) ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္တောဘာသ၏ ထပ်ဆင့် ဝိသိဌရဂုဏပူဇာ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဘုန်းတော်ကြီးကျောင်းတိုက်ရှိ ပြည့်စုံသုခဓမ္မကျောင်းဆောင်၌ ကျင်းပပြုလုပ်ရာ ဝန်းသိုကျောင်း တိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေတုမာလာ အမှူးပြုသော ဆရာ‌တော်သံဃာတော်များ ကြွ‌ရောက်တော်မူကြသည်။

ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင် လျှပ်စစ်မီးယာယီပြတ်တောက်နေစဉ်ကာလအတွင်း ပြည်သူများ အခက်အခဲလျော့နည်းစေရေး ဘုန်းတော်ကြီးကျောင်းများထံ စက်သုံးဆီများ သွားရောက်ဆက်ကပ်လှူဒါန်း

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ချီဖွေငယ်ရေအားလျှပ်စစ်စက်ရုံ ပြုပြင်ထိန်းသိမ်းနေစဉ်ကာလအတွင်း ပြည်သူများ ရေ၊ မီးအခက်အခဲဖြစ်ပေါ်မှု လျော့နည်းသက်သာစေရေး စီမံချက်ရေးဆွဲဆောင်ရွက်လျက်ရှိသည့်အပြင် စက်သုံးဆီများလိုအပ်ချက်များကို ဖြည့်ဆည်း‌ဆောင်ရွက်ပေးလျက်ရှိရာ ဧပြီ ၂၃ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ပေါ် ဘုန်းတော်ကြီးကျောင်းများသို့ စက်သုံးဆီများ သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် လျှပ်စစ်ဓာတ်အားယာယီပြတ်တောက်နေစဉ်ကာလအတွင်း ပြည်သူများ အခက်အခဲဖြစ်ပေါ်မှုလျော့နည်းစေရေး ဘာသာရေးအသင်းအဖွဲ့များထံ စက်သုံးဆီများ ပေးအပ်လှူဒါန်း

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း အဓိကလျှပ်စစ်ဓာတ်အားပေးလျက်ရှိသော ချီဖွေငယ်ရေအား လျှပ်စစ်စက်ရုံ ပြုပြင်ထိန်းသိမ်းလျက်ရှိသည့်ကာလအတွင်း ပြည်သူများ ရေ၊ မီးအခက်အခဲဖြစ်ပေါ်မှုလျော့နည်းစေရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့က မြစ်ကြီးနားမြို့ပေါ်ရှိ ဘာသာရေး အသင်းအဖွဲ့များနှင့် တွေ့ဆုံပြီး စက်သုံးဆီများ လှူဒါန်းပေးအပ်ခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပထမရက် ၁၀၀ ကာလအတွင်း Quick Win လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ အများပြည်သူတို့၏ အခြေခံလိုအပ်ချက်များကိုရှေးရှု၍ ဝန်ဆောင်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရန်အတွက် ပထမရက် ၁၀၀ အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းများအား ပြည်သူများအတွက် အကျိုးရှိထိရောက်မည့် Quick Win လုပ်ငန်းများဖြစ်စေရေး ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

မိုးညှင်းမြို့၌ အခြေခံပညာမူလတန်းဆင့်သင် ဆရာဆရာမများ အင်္ဂလိပ်စာအရည်အသွေးမြှင့် သင်တန်းဖွင့်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင်ဖွင့်လှစ်သည့် အခြေခံပညာမူလတန်းဆင့် သင်ဆရာ ဆရာမများ အင်္ဂလိပ်စာအရည်အသွေးမြှင့်(Main Course) သင်တန်းကို ယမန်နေ့နံနက် (၉)နာရီက တက္ကသိုလ်ရတနာခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင် မြစ်ကြီးနားမြို့၌ ပြည်သူများ လျှပ်စစ်ဓာတ်အား အခက်အခဲမဖြစ်ပေါ်စေရေးနှင့် လျှပ်စစ်အားသွင်းခြင်း ဝန်ဆောင်မှုအ‌ပေါ် လာရောက်သုံးစွဲသည့် ပြည်သူများအား လိုက်လံကြည့်ရှုအားပေး

ကချင်ပြည်နယ်အတွင်း ချီဖွေငယ်ရေအားလျှပ်စစ် စက်ရုံပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း စတင်ဆောင်ရွက်နေပြီဖြစ်သောကြောင့် လျှပ်စစ်မီးပြတ်တောက်လျက်ရှိရာ ပြည်သူများ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် မြစ်ကြီးနားမြို့ပေါ် ပြည်နယ်လျှပ်စစ်နှင့် ဆက်စပ်ကုမ္ပဏီအဖွဲ့အစည်းများ၏ ရုံး၊ ဌာနများတွင် ပြည်သူများ နေ့စဉ်အသုံးပြုလျက်ရှိသော လျှပ်စစ်ပစ္စည်းများအားသွင်းနိုင်ရေး ဝန်ဆောင်မှုလုပ်ငန်းများ စီစဉ်ဆောင်ရွက်ပေးနေမှုကို ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်က ကွင်းဆင်းစစ်ဆေးခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်များအတွင်း ပြည်သူများ လျှပ်စစ်မီးအခက်အခဲဖြစ်ပေါ်မှု လျော့နည်းစေရေး လျှပ်စစ်ဓာတ်အားသွင်းခြင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအား လိုက်လံကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း အဓိကလျှပ်စစ်မီးဖြန့်ဝေပေးနေသည့် ချီဖွေငယ်ရေအားလျှပ်စစ်စက်ရုံ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် ရက်သတ္တပတ်နှစ်ပတ်တာကာလအတွင်း ပြည်သူများ လျှပ်စစ်မီးနှင့် ရေအခက်အခဲဖြစ်ပေါ်မှု လျော့နည်းစေရေးအတွက် လုပ်ငန်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ  ဧပြီ ၁၈ ရက် ညနေ ၅ နာရီကလည်း မြစ်ကြီးနားမြို့ပေါ်၌ လျှပ်စစ်ဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် လျှပ်စစ်မီးအားသွင်းခြင်း ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များအတွင်း လျှပ်စစ်မီးပြတ်တောက်မည့်ကာလအတွင်း ပြည်သူများ သောက်သုံးရေဖူလုံမှုရှိစေရေး ဆောင်ရွက်ပေးမည်

ကချင်ပြည်နယ်အတွင်း လျှပ်စစ်မီးအဓိကဖြန့်ဖြူးပေးနေသည့် ချီဖွေငယ်ရေအားလျှပ်စစ် စက်ရုံပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းကို ရက်သတ္တနှစ်ပတ်ခန့်ဆောင်ရွက်မည်ဖြစ်သဖြင့် အဆိုပါ ကာလအတွင်း လျှပ်စစ်မီးပြတ်တောက်မည်ဖြစ်သောကြောင့် ပြည်သူများ သောက်သုံးရေ၊ ချိုးရေ လုံလောက်မှုရှိစေရေး စည်ပင်ရေပေးဝေရေးစနစ်အပြင် ရေကားများဖြင့် အရောက်ပို့ဖြန့်ဝေပေးနိုင်ရေး ယနေ့နံနက် ၇ နာရီခွဲအချိန်က ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးဆောင်သည့် ရေရရှိရေးလုပ်ငန်းကော်မတီ အစည်းအဝေးမှ သိရသည်။

မိုးကောင်းမြို့၌ ဖြူစင်မေတ္တာသွေးကမ္ဘာ နှုတ်ဆက်ပွဲနှင့် ဒေဝပရဟိတဖောင်ဒေးရှင်း ဖွင့်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ ဖြူစင်မေတ္တာသွေးကမ္ဘာ အသင်းသူ/သား နှုတ်ဆက်ပွဲနှင့် ဒေဝပရဟိတဖောင်ဒေးရှင်းဖွင့်ပွဲကို ဒေဝကျောင်းတိုက်၌ ဧပြီ(၁၈)ရက် နံနက်(၉)နာရီတွင် ကျင်းပသည်။
Subscribe to ကချင်ပြည်နယ်