ကချင်ပြည်နယ်ဝန်ကြီးချုပ် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုပြိုင်ပွဲတွင် အောင်ပွဲရ ကချင်ပြည်နယ်ဂုဏ်ဆောင် ပြိုင်ပွဲဝင်များအား ကြိုဆိုဂုဏ်ပြု
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မြစ်ကြီးနားမြို့သို့ ပြန်လည်ရောက်ရှိလာသော အောင်နိုင်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့်အတူ ပြည်နယ်ကိုယ်စားပြု အောင်ပွဲရပြည်နယ်ဂုဏ်ဆောင်ပြိုင်ပွဲဝင်များ၊ အုပ်ချုပ်သူ၊ နည်းပြများအား ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့် ကော်မတီအဖွဲ့ဝင်များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက လေဆိပ်၌ ကြိုဆိုခဲ့ကြပြီး ပြည်သူ့အားကစားကွင်းအတွင်း မိုးလုံလေလုံအားကစားခန်းမ၌ ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။