ကချင်ပြည်နယ်အတွင်း တိုင်းရင်းသားအခွင့်အရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်/ ရွာ အခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်ပြုလုပ်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့် ရှောက်ရေးဦးစီးဌာန ကချင်ပြည်နယ်ညွှန်ကြား ရေးမှူးရုံး၌ ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား မျိုးနွယ်စုများအတွက် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်/ရွာ အခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်များ ဆန်းစစ်စီမံခြင်းအတွက် စစ်တမ်းမေးခွန်း ကောက်ယူခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ အဆိုပါ ညွှန်ကြားရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။