မိုးညှင်းမြို့၌ ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း ခြောက်သောင်းကျော် ထုတ်ချေးပေးပြီးဖြစ်
ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်ဘဏ်ခွဲမှ ယခုဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို မေလ တတိယပတ်မှ စတင်ထုတ်ချေးပေးခဲ့ရာ ယခုအခါတွင် ငွေကျပ်သိန်းပေါင်း ခြောက်သောင်းကျော်ကို ထုတ်ချေးပေးနိုင်ခဲ့ကြောင်း သိရသည်။