ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့အား ပန်းမြို့တော်အဖြစ်အကောင်အထည်ဖော်နိုင်ရေးနှင့် လယ်ယာမြေများတွင် မိုးစပါးနှင့်သီးထပ်သီးညှပ်စိုက်ပျိုးနိုင်ရေးအသင်းအဖွဲ့များနှင့်တွေ့ဆုံ၊ ပြည်နယ်အားကစားဆပ်ကော်မတီများ၏ စခန်းသွင်းလေ့ကျင့်နေမှုအား သွားရောက်တွေ့ဆုံ အ
ကချင်ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့အား မြို့တော်အင်္ဂါရပ်နှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုး တက်ပြီးသန့်ရှင်းသာယာလှပလာစေကာ စနစ်ကျသော လူနေမှုပတ်ဝန်းကျင်ကောင်းများဖြစ်ပေါ်လာစေရေး ပန်းမြို့တော်အဖြစ် အကောင်အထည်ဖော်နိုင်ရေးနှင့် ဒေသတွင်းစားရေရိက္ခာဖူလုံစေရေးအတွက် မိုးစပါးအပြင်သီးထပ်သီးညှပ်များ စိုက်ပျိုးနိုင်ရေး ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် ယမန်နေ့နံနက် ၉ နာရီက မြစ်ကြီးနားတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ပန်းချစ်သူများအသင်း၊ Kachin State Clean & Green Team (KCG)အသင်းဝင်များ၊ တောင်သူများနှင့်အတူ လုပ်ငန်းညှိနှိုင်းဆွေးနွေးခဲ့ကြသည်။