ကချင်ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့အား သန့်ရှင်းသပ်ရပ်ပြီး ပန်းမြို့တော်ဖြစ်လာစေရေး (၃)နှစ်စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ပြည်နယ်သယံဇာတရေးရာဝန်ကြီး ကွင်းဆင်းစစ်ဆေး
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့အား သန့်ရှင်းသပ်ရပ်ပြီး စနစ်ကျသောလူမှုပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်လာစေရေး၊ ရာသီအလိုက်ပန်းအလှပင်များဖြင့် ပန်းမြို့တော်တစ်ခုဖြစ်လာစေရေး (၃)နှစ် စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က တာဝန်ရှိသူများနှင့်အတူ လုပ်ငန်းဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။