မြစ်ကြီးနားမြို့၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရေး လူငယ်ရေးရာ အသိပညာပေး ဟောပြော ပွဲကျင်းပ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကျောင်းသား/ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတ တိုးပွား၍ ဗလငါးတန်ဖွံ့ဖြိုးလာစေရန် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို မြစ်ကြီးနားမြို့ အမှတ် (၇) အခြေခံပညာ အထက်တန်းကျောင်း သီရိခန်းမ၌ ယမန်နေ့ မွန်းလွဲ (၁) နာရီက ကျင်းပရာ အလယ်တန်းအဆင့် ကျောင်းသား/သူ (၂၀၀)ဦးခန့် တက်ရောက် ခဲ့ကြ သည်။