ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်နှင့် ဘာသာပေါင်းစုံဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲသို့ တက်ရောက်
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်နယ်သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကို မေ ၃၁ ရက် နံနက် ၇ နာရီခွဲက မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း မိုးလုံလေလုံအားကစားခန်းမ အနောက်ဘက်ရှိ မြေကွက်လပ်၌ ကျင်းပပြုလုပ်ခဲ့ကြသည်။