ကချင်ပြည်နယ်ဝန်ကြီးချုပ် ၁၃၈၇ ခုနှစ်၊ မြန်မာ့နှစ်သစ်ကူး နှစ်ဆန်း (၁)ရက်နေ့ ဇီဝိတဒါငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲ၊ အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲများနှင့် စုပေါင်းသွေးလှူဒါန်းပွဲများသို့ တက်ရောက်အားပေးချီးမြှင့်၊ ၁၃၈၆ ခုနှစ်၊ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာ့နှစ်သစ်ကူး နှစ်ဆန်း (၁)ရက်နေ့တွင် နှစ်စဉ် မြန်မာတို့ ၏လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံနှင့်အညီ ကျင်းပမြဲဖြစ်သည့် ကုသိုလ်ကောင်းမှုပြုသည့် အခမ်းအနားများကို ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ မြစ်ကြီးနားမြို့၌ ယနေ့ နံနက်ပိုင်းတွင် ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ကန်တော့ပွဲ၊ အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲ အခမ်း အနားများနှင့် စုပေါင်းသွေးလှူဒါန်းပွဲများကို ကျင်းပပြုလုပ်ခဲ့ကြသည်။