ကချင်ပြည်နယ်အတွင်းရှိ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များအား အခြေခံစားသောက်ကုန်များ ပေးအပ်
ကချင်ပြည်နယ်အတွင်း ယာယီနေရပ်စွန့်ခွာလာခဲ့ကြသော ခရိုင်/မြို့နယ်များမှ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များအား ပြည်နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များက ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ရုံးရှိ ခန်းမ၌ အခြေခံစားသောက်ကုန်များ ပေးအပ်ခဲ့ကြသည်။