တနိုင်းမြို့၊ ဟူးကောင်းခန်းမ၌ (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် တောင်သူလယ်သမားများ လယ်ယာလုပ်ငန်းခွင်အခက်အခဲများ အလုပ်ရုံဆွေးနွေးပွဲအခမ်းအနား ကျင်းပ
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် မတ်လ (၃) ရက်နေ့ နံနက် (၉) နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ တနိုင်းမြို့၊ ဟူးကောင်းခန်းမ၌ (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့အထိမ်းအမှတ် တောင်သူလယ်သမားများ လယ်ယာလုပ်ငန်းခွင်အခက်အခဲများ အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။