ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်၌ ဂျီနီဗာသဘောတူညီချက် (၇၅) နှစ်ပြည့် အထိမ်းအမှတ် ဓာတ်ပုံပြပွဲအခမ်းအနားကျင်းပ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ICRC နှင့် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ ပူးပေါင်းကျင်းပသည့် ဂျီနီဗာသဘောတူညီချက် (၇၅)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားနှင့် ဓာတ်ပုံပြပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။