ကချင်ပြည်နယ်

ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးကောင်းမြို့နယ်အတွင်း မိုးစပါးရိတ်သိမ်းပြီး ရိုးပြတ်ကျန်လယ်များအတွင်း ဆီထွက်သီးနှံအပါအဝင် ဆောင်းသီးထပ်သီးနှံ စိုက်ဧက တိုးချဲ့စိုက်ပျိုး ထုတ်လုပ်နိုင်ရေးနှင့် မွေးမြူရေးကဏ္ဍတိုးတက်မြင့်မားရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်အတွင်းရှိ ပင်းဘောတိုက်နယ်ကျေးရွာများနှင့် နမ္မတီးဒေသ မြတောင်ကွင်းများအတွင်းရှိ မိုးစပါးရိတ်သိမ်းပြီး လယ်များတွင် ဆီထွက်သီးနှံအပါ အဝင် ဆောင်းသီးထပ်သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် မွေးမြူရေးကဏ္ဍတိုးတက်မြင့်မား ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဒီဇင်ဘာ ၁၂ ရက် နံနက် ၇ နာရီခွဲက မိုးကောင်းမြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ပူတာအိုခရိုင်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီက ပူတာအိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန Community Centre ခန်းမ၌ ကျင်းပသည်။

ပူတာအိုမြို့၌ (၇၅)နှစ်မြောက် ရဝမ်အမျိုးသားနေ့ စိန်ရတုအထိမ်းအမှတ် ဆုတောင်းအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် (၇၅)နှစ်မြောက် ရဝမ်အမျိုးသားနေ့ စိန်ရတုအထိမ်းအမှတ် ဆုတောင်းအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ ရဂမ်အမျိုးသားဉယျာဉ် ခါကာဘိုရာဇီခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗလမင်းထင်စံပြစိုက်ကွင်းအတွင်း မိုးစပါးရိတ်သိမ်းပြီး လယ်များတွင် လယ်သီးထပ်ဆောင်းသီးနှံ အချိန်မီထွန်ယက်စိုက်ပျိုးနိုင်ရေး/ စိုက်ဧရိယာတိုးချဲ့နိုင်ရေးနှင့် ဧရာဝတီရှုခင်းသာအပန်းဖြေစခန်း အကောင်အထည်ဖော်တည်ဆောက်နေမှုအား ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၄-၂၀၂၅ စိုက်ပျိုးရာသီမှစတင်၍ သီးထပ်စိုက်စွမ်းအား ၂၀၀ ရာခိုင်နှုန်းထိ တိုးချဲ့စိုက်ပျိုးနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေ ၃ နာရီခွဲက မြစ်ကြီးနားမြို့၊ စက်မှုရပ်ကွက်နှင့် မန်ခိန်ရပ်ကွက်အတွင်း စံပြစိုက်ကွင်း တစ်ခုအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဗလမင်းထင်စံပြစိုက်ကွင်းသို့သွား ရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ပူတာအိုမြို့၌ ဒီဇင်ဘာအားကစားလ ပထမအပတ် လူထုလမ်းလျှောက်ပွဲ အင်အား(၅၀၀)ကျော် ပါဝင်ဆင်နွဲ

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင် သောဘဝကို ပိုင်ဆိုင်နိုင်စေရန်အတွက် ၂၀၂၄-ခုနှစ် ယမန်နေ့နံနက် (၅)နာရီခွဲက ပူတာအိုခရိုင် အထွေထွေအုပ်ချုပ်ရေးဉီး စီးဌာနရုံးရှေ့စုရပ်မှ စတင်ထွက်ခွာသည်။

ပူတာအိုမြို့၌ (၇၅)နှစ်မြောက် ရဝမ်အမျိုးသားနေ့စိန်ရတုအထိမ်းအမှတ်အကြို မာရသွန်ပြိုင်ပွဲကျင်းပ

၂၀၂၄-ခုနှစ် ဒီဇင်ဘာလ (၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် ရဝမ်အမျိုးသား နေ့စိန်ရတု အထိမ်းအမှတ်အကြို မာရသွန်ပြိုင်ပွဲကို ယမန်နေ့နံနက် (၆)နာရီက ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက် လမ်းဆုံမှ စတင်တာထွက်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲ ပြည်သူများနှင့်အတူပါဝင်ဆင်နွှဲ၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအထက်တန်းအဆင့်သင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့်ဆွေးနွေးပွဲသို့ တက်ရောက်

ဒီဇင်ဘာအားကစားလ ပထမအပတ် လူထုအားကစားလှုပ်ရှားမှုအဖြစ် လူထုစုပေါင်းလမ်း လျှောက်ပွဲကို ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ မြစ်ကြီးနားမြို့၌ ယနေ့နံနက် ၅ နာရီခွဲက ကျင်းပပြုလုပ်ရာ ပြည်နယ်ပြည်သူ့အားကစားကွင်းရှေ့ အထူးတန်းပွဲကြည့်စဉ်ရှေ့ စုရပ်မှ သတ်မှတ်လမ်းကြောင်းအတိုင်း စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။

မြစ်ကြီးနားမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းရှိ အင်ဂျန်းခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာ‌ပေး‌ဟောပြောပွဲကို ဒီဇင်ဘာလ ၅ ရက် နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် သား/ ငါးနှင့် အခြေခံစားသောက်ကုန်ဈေးနှုန်း တည်ငြိမ်ရေးနှင့် စနစ်တကျ ထိန်းသိမ်းကြပ်မတ်ကွပ်ကဲနိုင်ရေး သား/ ငါးဒိုင်များနှင့် ညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်အတွင်း သား/ငါးနှင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ တည်ငြိမ်ရေး၊ စနစ်တကျ ထိန်းသိမ်းကြပ်မတ်ကွပ်ကဲနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများ၊ သားသတ်လိုင်စင်ရရှိလုပ်ကိုင်နေသူများ၊ သား/ငါးဒိုင်များနှင့် ယမန်နေ့ မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်၊ မိသားစုခရစ္စမတ်ပွဲတော်နှင့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပပြုလုပ်နိုင်‌ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် အမျိုးသားအားကစားပွဲတော် ပါဝင်ကြမည့် ပြည်နယ်ကိုယ်စားပြုရိုးရာအကအဖွဲ့အား တွေ့ဆုံအားပေးထောက်ပံ့

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသွားမည့် ၂၀၂၄ ခုနှစ်၊ မိသားစုခရစ္စမတ်ပွဲတော်နှင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားများအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်‌ရေးအတွက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
Subscribe to ကချင်ပြည်နယ်