မော်ချီးကျေးရွာအုပ်စု၊ သဘာဝဘေးဒဏ်ခံစားရသည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်လှူဒါန်း
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးကျေးရွာအုပ်စု၊ တောင်ပေါ်ကျေးရွာတွင် သြဂုတ်လ ၂၃ ရက်နေ့က သဘာဝဘေးဒဏ်၊ မြေပြိုဘေးခံစားရသည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ညနေပိုင်း က မော်ချီးတောင်ပေါ်ကျေးရွာ၊ (အမက)ကျောင်းရုံးခန်း၌ ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။