ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု ပြည်နယ်အဆင့် အထိမ်းအမှတ်အခမ်းအနား ကျင်းပ
ကားပြည်နယ်၊ လွိုင်ကော်မြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ပြည်နယ်အဆင့် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းနားကို ယမန်နေ့နေ့လည် ၂ နာရီအချိန်က ပြုလုပ်ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဦးစီးဌာနမှတာဝန်ရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်(၅)နှစ်အောက် ကလေးငယ်များ တက်ရောက်ခဲ့ကြသည်။