ကယားပြည်နယ်

မယ်စဲ့မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန်အတွက် စာစစ်ဌာန ပြင်ဆင်ထားမှုအား ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန်အတွက် စာစစ်ဌာန ပြင်ဆင် ထားမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးအောင်ကျော်သန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီက အ.ထ.က(မယ်စဲ့) စာစစ်ဌာနအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင့် သိရသည်။

ဖား​ဆောင်းမြို့နယ် စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာ​မေးပွဲ ​အောင်မြင်စွာကျင်းပနိုင်​ရေး စာ​ဖြေဆိုခန်း၊ လုံခြုံ​ရေး​နေရာ၊ ကျန်းမာ​ရေး​စောင့်​ရှောက်ခန်းတို့အား ကြည့်ရှုစစ်​ဆေး

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၌  မတ်လ(၃၁)ရက်မှ ဧပြီလ(၉)ရက်​နေ့ထိ ကျင်းပသွားမည့် တက္ကသိုလ်ဝင်တန်းစာ​မေးပွဲ​အောင်မြင်စွာ ကျင်းပနိုင်​ရေးအတွက် စာ​မေးပွဲ​ဖြေဆိုခန်း၊ လုံခြုံ​ရေး​နေရာ၊ ကျန်းမာ​ရေး​စောင့်​ရှောက်ခန်းနှင့် မီး၊​ ရေအဆင်​ပြေ​စေ​ရေး အတွက် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးသက်မြင့်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ ​ကော်မတီဝင်များက ယ​နေ့နံနက်(၉)နာရီအချိန်က အ​ခြေခံပညာအထက်တန်း​ကျောင်း စာစစ်ဌာနသို့ ကွင်းဆင်းကြည့်ရှုခဲ့​ကြောင်း သိရသည်။

ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အဆင့် ဂုဏ်ထူးဆောင်လက်မှတ်များ၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများနှင့် ဂုဏ်ပြုငွေများ ချီးမြှင့် ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အဆင့် ဂုဏ်ထူးဆောင်လက်မှတ်များ၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများနှင့် ဂုဏ်ပြုငွေများ ချီးမြှင့် ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီ အချိန်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့ပြီး ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် အတွင်းရေးမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဆုရရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှားတောမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေး ကယား၊ မြန်မာ နှစ်ဘာသာဖြင့် လှည့်လည်အသိပေးနှိုးဆော်

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးကွသစ် အိုမီခရွန်ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ရန်နှင့် ညွှန်ကြား ချက်များအား ပိုမိုသိရှိလိုက်နာနိုင်ရန် ရည်ရွယ်၍ ကယား၊ မြန်မာ နှစ်ဘာသာဖြင့် လှည့်လည် အသိပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့နံနက် (၁၀)နာရီအချိန်၌ ကယားပိုင်းရပ်ကွက်တွင် ဆောင်ရွက်ခဲ့သည်။

ကယားပြည်နယ် အစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ထမ်းများအား ဝတ်စုံနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

ကယားပြည်နယ် အစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ထမ်းများအား ဝတ်စုံနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က လွိုင်ကော်မြို့၊ မြို့နယ် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မယ်စဲ့မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၌ ဆီထွက်သီးနှံနေကြာ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှုအား စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းကြည့်ရှုအားပေး

ကမ္ဘာ့စားသုံးဆီ အများဆုံးထုတ်လုပ်နိုင်သော သီးနှံများ၌ နေကြာသီးနှံမှာ တစ်ခုအပါဝင်ဖြစ်ပြီး ပြည်တွင်းဆီစားသုံးမှုဖူလုံရေး ဒေသတွင်းဆီစားသုံးမှုဖူလုံရေးနှင့် ပြည်ပမှစားသုံးဆီ တင်သွင်းမှုလျော့ချနိုင်စေရေးအတွက် ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီး မြို့နယ် အတွင်း၌ သီးထပ်သီးညှပ် စိုက်ပျိုးမှုဖြင့် ဆီထွက်သီးနှံနေကြာအား စိုက်ပျိုးဧက (၁၇)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့၌ ကိုဗစ်-၁၉ ရောဂါ (အိုမီခရွန်) ကာကွယ်ရေး နှာခေါင်းစည်း တပ်ဆင်သွားလာကြရန် Mask များ အခမဲ့ ဖြန့်ဝေပေး

ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ပြည်သူများအနေဖြင့် အပြင်သို့သွားလာပါက မဖြစ်မနေ နှာခေါင်းစည်း(Mask) များ စနစ်တကျ တပ်ဆင် သွားလာမှုရှိစေရန် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ယနေ့နံနက် ၁၀ နာရီမှ နံနက် ၁၁ နာရီအထိ သီရီမင်္ဂလာဈေးရှေ့နှင့် ဈေးအတွင်းရှိ ပြည်သူ များအား နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးဝေခဲ့ကြောင်း သိရသည်။

ဖားဆောင်းမြို့နယ် ရပ်ကွက် / ကျေးရွာအတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများနှင့် (၆)လပြည့် (Booster Dose) ထိုးနှံရမည့်သူများအား မိုဘိုင်းစနစ်ဖြင့် ကွင်းဆင်း ထိုးနှံပေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ် ရပ်ကွက်/ကျေးရွာအတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူ များနှင့် ကာကွယ်ဆေးထိုးနှံပြီး (၆) လပြည့် (Booster Dose) ထိုးနှံရမည့်သူများအား မိုဘိုင်းစနစ်ဖြင့် စဉ်ဆက်မပြတ် ကွင်းဆင်း ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် (၈) နာရီအချိန်က တောင်ပိုင်းရပ်ကွက်နှင့် တောင်ပေါ်ကျေးရွာတို့တွင် ကွင်းဆင်း ထိုးနှံပေး ခဲ့ကြောင်း သိရသည်။

ဖားဆောင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနဖြစ်သည့် အ.ထ.က ကျောင်းတွင် မီးဘေးကြိုတင် ကာကွယ်ရေး စစ်ဆေးခြင်းများဆောင်ရွက်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကျင်းပမည့် စာစစ်ဌာနဖြစ်သည့် အ.ထ.က ဖားဆောင်းကျောင်းအား မီးဘေးကြိုတင် ကာကွယ်ရေးစစ်ဆေးခြင်းများကို ယနေ့ နံနက် ၉ နာရီက မြို့နယ် မီးသတ်ဦးစီးဌာန တာဝန်ရှိသူ များကလိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်၊။
Subscribe to ကယားပြည်နယ်