ကယားပြည်နယ်

၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ လုပ်ငန်းခွင်အကြို မူလတန်းဆရာတတ်ပညာသင်တန်း PPTT အမှတ်စဉ် (၇/၂၀) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဆရာအတတ်ပညာဦးစီးဌာန၊ ပညာရေးဒီဂရီကောလိပ်မှ ကျင်းပသည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ လုပ်ငန်းခွင်အကြို မူလတန်း ဆရာတတ်ပညာ သင်တန်း PPTT အမှတ်စဉ်(၇/၂၀) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲ အချိန်ကလွိုင်ကော်မြို့ ကယားပြည်နယ်ခန်းမ၌ ကျင်းပခဲ့သည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် အသက် ၁၈ နှစ်အထက် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးခန်းမ၌ ကျင်းပသည်။

ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး လွိုင်လင်မြို့၌ဖွင့်လှစ်

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး သစ်ဖွင့်ပွဲကို ရှမ်းပြည်နယ် (တောင်ပိုင်း)လွိုင်လင်မြို့၌ ယမန်နေ့နံနက်(၀၉း၄၅)နာရီက အဆိုပါရုံး အဆောက်အဦးရှေ့တွင်ကျင်းပပြုလုပ်ပါသည်။

ပွန်ချောင်းရေတင် တပိုင်တနိုင် ဟင်းသီးဟင်းရွက်စိုက်ခင်းများဖြင့် ပုံမှန်ဝင်ငွေများရရှိ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် ပွန်ချောင်းရေတင် တပိုင်တနိုင် ဟင်းသီးဟင်းရွက်စိုက်ခင်းများကြောင့် စိုက်ပျိုးသူမိသားစုများအ​​နေဖြင့် ပုံမှန်ဝင်ငွေများရရှိနေကြကြောင်း သိရှိရသည်။

ကယားပြည်နယ် အစိုးရအဖွဲ့မှ လွိုင်ကော်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော် ၊ ဆီ ၊ ပဲ ၊ ဆားစသည့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း

ကယားပြည်နယ် အစိုးရအဖွဲ့မှ လွိုင်ကော်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ သို့ဆွမ်းဆန်တော် ၊ ဆီ ၊ ပဲ ၊ ဆားစသည့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ကယားပြည်နယ် အစိုးရအဖွဲ့မှ နေရပ်ပြန်ပြည်သူများအား ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများ ဆောက်ရွက်ပေးခြင်း နှင့် အခြေခံစားကုန်များ ဆက်လက်ထောက်ပံ့လှူဒါန်း

ကယားပြည်နယ် အစိုးရအဖွဲ့မှ နေရပ်ပြန်ပြည်သူများအား ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများ ဆောက်ရွက်ပေးခြင်း နှင့် အခြေခံစားကုန်များ ဆက်လက်ထောက်ပံ့လှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ နောင်ယား(က) ရပ်ကွက်ရှိ ခေတ္တနေရပ်စွန့်ခွာ ပြည်သူများအားကြိုဆို လက်ခံရေးစခန်းများနှင့် မိုင်းလုံးရပ်ကွက်ရှိ နည်းပညာတက္ကသိုလ် ကျောင်းတွင် ကျင်းပပြုလုပ် ခဲ့သည်။

ကယားပြည်နယ် အစိုးရအဖွဲ့မှ နေရပ်ပြန်ပြည်သူများအား ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု များ ဆောက်ရွက်ပေးခြင်းနှင့် အခြေခံစားကုန်များ ထောက်ပံ့လှူဒါန်းခြင်းပြုလုပ်

ကယားပြည်နယ် အစိုးရအဖွဲ့မှ နေရပ်ပြန်ပြည်သူများအား ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု များ ဆောက်ရွက်ပေးခြင်းနှင့် အခြေခံစားကုန်များ ထောက်ပံ့လှူဒါန်းခြင်းကို ယနေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ နောင်ယား(က)ရပ်ကွက်ရှိ ခေတ္တနေရပ်စွန့်ခွာ ပြည်သူများအား ကြိုဆို လက်ခံရေးစခန်း တွင် ကျင်းပပြုလုပ်ခဲ့သည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အပိုဆောင်းကာကွယ်ဆေး Boosters Dose ထပ်ဆောင်း ထိုးနှံပေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး ခြောက်လပြည့်သူ များအနက် သတ်မှတ်ထားသည့် ဦးတည်အုပ်စုများအား အပိုဆောင်း ကာကွယ်ဆေး Booster Dose ထပ်ဆောင်းထိုးနှံပေးခြင်းကို ယမန်နေ့က မြို့နယ်ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဖား​ဆောင်းမြို့နယ် ဝမ်​အောင်းကယား​ကျေးရွာ ​​ဒေသဖွံ့ဖြိုး​ရေး ကွင်းဆင်းစစ်​ဆေး

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ် ဝမ်​အောင်း(ကယား) ကျေးရွာ ​ဒေသဖွံ့ဖြိုး​ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့နှင့်ပညာ​ရေးအဖွဲ့တို့က ယ​နေ့နံနက် (၈) နာရီ အချိန်က ကွင်းဆင်းစစ်​ဆေးခဲ့​ကြောင်းသိရသည်။

ရှားတောမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေး ကယား၊ မြန်မာ နှစ်ဘာသာဖြင့် လှည့်လည်အသိပေးနှိုးဆော်

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးကွသစ် အိုမီခရွန်ရောဂါ ကူးစက်မှုမှကာကွယ်နိုင်ရန်နှင့် ညွှန်ကြားချက်များအား ပိုမိုသိရှိလိုက်နာနိုင်ရန် ရည်ရွယ် ၍ ကယား၊ မြန်မာနှစ်ဘာသာဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့မွန်းလွှဲ(၂)နာရီအချိန်၌ တောင်ပိုင်းရပ်ကွက်တွင် ဆောင်ရွက်ခဲ့သည်။
Subscribe to ကယားပြည်နယ်