ဖားဆောင်းမြို့နယ်တွင် Mask Campaign ပြုလုပ်ခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ဖားဆောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦး၏ လမ်းညွှန်မှုအရ လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး အိုမီခရွန်စောင့် ကြပ် ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာသည့် အချိန်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကိုစနစ်တကျတပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာကျင့်သုံးစေရေးရည်ရွယ်၍ ယနေ့နံနက်(၉)နာရီ အချိန်မှစ၍ ပူးပေါင်းအဖွဲ့ဖြင့် Mask Campain ပြုလုပ်၍ (Mask)များကို (အခမဲ့)ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။