ဖားဆောင်းမြို့နယ်တွင် စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ပိတ်ထားသော စာသင်ကျောင်း များ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၆ နာရီခွဲက ဖားဆောင်း မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။