ဒီးမော့ဆိုမြို့နယ် ဒေါဘူးခိုကျေးရွာတွင် အခြေခံ/အဆင့်မြင့် စက်ချုပ်သင်တန်းဖွင့်လှစ်
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများတွင် အထောက်အကူပြုနိုင်စေရန် အတွက် အခြေခံ/အဆင့်မြင့် စက်ချုပ်သင်တန်း (၄/၂၀၂၁) ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ဒေါတော်ကူးကျေးရွာ အုပ်စု ဒေါဘူးခိုကျေးရွာ ခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။