လွိုင်ကော်တပ်နယ်၌ အကြမ်းဖက်သောင်းကျန်းသူများ ယူဆောင်သွားသည့် မော်တော်ယာဉ် (လိုင်စင်ပါ)အား ပိုင်ရှင်သို့ လွှဲပြောင်းပေးအပ်ခြင်း ကျင်းပ
လွိုင်ကော်တပ်နယ်၌ အကြမ်းဖက်သောင်းကျန်းသူများ ယူဆောင်သွားသည့် မော်တော်ယာဉ် (လိုင်စင်ပါ)အား ပိုင်ရှင်သို့ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ်က ကျင်းပရာ နယ်မြေခံဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်၊ ကယားပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လွိုင်ကော်တပ်နယ်အတွင်းရှိ အရာရှိများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။