ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် လွိုင်ကော်မြို့ အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံနေမှုများနှင့် ပန်းခင်းစီမံချက် ကွင်းဆင်းဆောင်ရွက်မှု ကြည့်ရှုအားပေး
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ ကယားပြည်နယ်အတွင်း အခြေခံပညာကျောင်းများတွင် မေ ၂၂ ရက်နေ့မှ ဇွန် ၁ ရက်နေ့အထိ ကျောင်းအပ်လက်ခံခြင်း သီတင်းပတ်အစီအစဉ်အရ ဒုတိယနေ့အဖြစ်ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံနေမှုများနှင့် ပန်းခင်းစီမံချက် ကွင်းဆင်းဆောင်ရွက် နေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။