သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(လွိုင်ကော်)၊ အမှတ်စဉ်(၃၁) သူနာပြုနှင့်သားဖွားဒီပလိုမာသင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ
ကယားပြည်နယ်၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(လွိုင်ကော်) ၂၀၂၅ ပညာသင်နှစ်၊ အမှတ်စဉ်(၃၁) သူနာပြုနှင့်သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နံနက်က သင်တန်းကျောင်းခန်းမ၌ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းဆရာ/ဆရာမများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။