ကယားပြည်နယ်

နယ်စပ်ရေးရာဝန်ကြီးဌာနက ကယားပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော် ၊ ဆီ ၊ ဆားနှင့် ကုလားပဲများလှူဒါန်း

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ကယားပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးအနေဖြင့် ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများတွင် ဆွမ်းဆန်တော် ပြည့်စုံစေရေးအတွက် ဆန်၊ ဆီ၊ ဆားနှင့်ကုလားပဲ လှူဒါန်းလျက်ရှိသည်။

ကမ္ဘာ့မိခင်နို့ တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှုများ အထိမ်းအမှတ် အခမ်းအနားကျင်းပ

အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်သူလူထုများ ပိုမိုစိတ်ဝင်စားပြီး ပူးပေါင်းပါဝင်ဆောင်ရွက်စေရန်နှင့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူများ အသိပညာတိုးပွားစေရန်ရည်ရွယ်ကာ ကယားပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု  အထိမ်းအမှတ်အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကယားပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။

ကယားပြည်နယ်အစိုးရအဖွဲ့မှ ယာယီတိုက်ပွဲရှောင်ဝန်ထမ်းများအား ထောက်ပံ့ချီးမြှင့်ငွေ ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့မှ မယ်စဲ့ခရိုင်၊ မြို့နယ်မှ လွိုင်ကော်မြို့သို့ ယာယီတိုက်ပွဲရှောင် ရောက်ရှိလာပြီး တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား ထောက်ပံ့ ချီးမြှင့်ငွေနှင့် ဆန်၊ဆီ၊ဆား၊ပဲ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ကယားပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး လွိုင်ကော်မြို့၌ ကျင်းပ

ကယားပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များ  တက်ရောက်ခဲ့ကြသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများပြည်နယ်အဆင့် အထိမ်းအမှတ် အခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများ ပြည်နယ်အဆင့် အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ် ခဲ့ရာပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဒေသကွပ်ကဲရေးမှူး ၊  ဌာနဆိုင်ရာများ ၊ ကျောင်းသား ၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် ပြေးခုန်ပစ်ပြိုင်ပွဲ၊ အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု အေရိုးဗစ်ပြိုင်ပွဲများနှင့် ဆုပေးပွဲအခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

၂၀၂၃ ခုနှစ် ၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် ပြေးခုန်ပစ်ပြိုင်ပွဲ၊ အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု အေရိုးဗစ်ပြိုင်ပွဲများနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အားကစားနည်းပြများ၊ အားကစားမောင်မယ်ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ တက်ရောက်အားပေးခဲ့ကြသည်။

ကေ့ာကရိတ်မြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်း၍ ရေများ ဝင်ရောက်မှုကြောင့် စာသင်ကျောင်းအချို့ ယာယီပိတ်ထား

ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့နယ်တွင် သြဂုတ် (၁)ရက်နေ့မှစ၍ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ရာ မြေနိမ့်ပိုင်းရှိ စာသင်ကျောင်းများ သြဂုတ်လ (၂)ရက်နေ့မှစ၍ ယနေ့နံနက်အထိ စာသင်ကျောင်း(၄၁)ကျောင်းအား ယာယီပိတ်ထားကြောင်း သိရသည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်း တည်ဆောက်ရေးလုပ်ငန်းဆောက်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်မြို့နယ်အတွင်း တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အားကစားနှင့် ကာယပညာသိပ္ပံ(လွိုင်ကော်)၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာဆောင်၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနဝန်ထမ်းအိမ်ရာများနှင့် တည်ဆောက်လုပ်ရေး လုပ်ငန်းခွင်နေရာများ၌ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်  ရပ်ကွက် /ကျေးရွာ နေပြည်သူများအား ကွင်းဆင်းဆွေးနွေးဟောပြော

လွိုင်ကော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာန ဆိုင်ရာများပူးပေါင်း ပါဝင်သော အုပ်ချုပ်ရေးစစ်ကြောင်း၊ နိုင်ငံရေးစစ်ကြောင်း၊ လူမှုရေးစစ်ကြောင်း၊ စည်းရုံးရေး စစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးစစ်ကြောင်း စစ်ကြောင်းတို့က နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့်  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ရပ်ကွက်/ကျေးရွာရှိ ပြည်သူများအား တွေ့ဆုံဆွေးနွေး ဟောပြောခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်က လွိုင်ကော်မြို့ ၊ ပန်ကန်းရပ်ကွက် မှုံပြာကျေးရွာ အဘယသုခဓမ္မာရုံ၌ ကျင်းပခဲ့သည်။

လွိုင်ကော်အကျဉ်းထောင်မှ အကျဉ်းသား/သူ(၁၉)ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် ၅၁/၂၀၂၃ အရ လွိုင်​ကော် အကျဉ်းထောင်မှ အကျဉ်းသား(၁၈)ဦး၊ အကျဉ်းသူ(၁)ဦး စုစုပေါင်း (၁၉)ဦးအား ယမန်နေ့က  ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရှိရသည်။
Subscribe to ကယားပြည်နယ်