၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-9 ၊ Grade-12 (သင်ရိုးသစ်) ဆင့်ပွားသင်တန်းများဖွင့်ပွဲအခမ်းအနားသို့ ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင် တက်ရောက်
၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-9 ၊ Grade-12(သင်ရိုးသစ်) ဆင့်ပွားသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က လွိုင်ကော်မြို့ ၊ ပြည်နယ်ပညာရေးမှူးရုံး ၊ ပညာ့ဗိမ္မာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။