ကယားပြည်နယ် အစိုးရအဖွဲ့ကကြီးမှူး၍ မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲ ပြုလုပ်ကျင်းပ
ကယားပြည်နယ် အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ ကွင်းပြင်၌ ကျင်းပ ပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ အိုးစည်ဒိုးပတ် အဖွဲ့များက တက်ရောက်အားပေးခဲ့ကြသည်။